စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၁၆-၁-၂၀၂၃ ရက်နေ့ တွင် ကျရောက်သော (၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နံနက်ပိုင်း၌ ပင်စင်ဦးစီးဌာန၊ ဘုရားခန်းတွင် သံဃာတော် (၅) ပါးအား ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူး များနှင့် ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းများမှ ဆွမ်းခဲဖွယ်များ ဆက်ကပ်လှူဒါန်း၍ တရားတော် နာယူခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဖွင့်လှစ်ပို့ချသည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၁) နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁၂) တို့တွင် “ပင်စင်စနစ်ပြုပြင် ပြောင်းလဲမှု” ဘာသာရပ်ကို ၆-၁-၂၀၂၃ ရက်နေ့တွင် သွားရောက်ဆွေးနွေးပို့ချခဲ့ပါသည်။