January 2023 Archives
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနဝန်ထမ်းများအတွက် အင်္ဂလိပ်စာ အရည်အချင်းမြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ၃-၁-၂၀၂၃ ရက်နေ့၊နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၄)ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စုပေါင်းရုံးအစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အင်္ဂလိပ်စာသည် ကမ္ဘာသုံး ဘာသာစကားဖြစ်၍ ဝန်ထမ်းတိုင်း အင်္ဂလိပ်စာကို ကောင်းမွန်စွာရေးသားပြောဆိုနိုင်ရန် လိုအပ်ကြောင်း၊ သို့မှသာ မိမိလုပ်ငန်းနှင့်သက်ဆိုင်သည့် နိုင်ငံတကာဥပဒေ၊ နည်းဥပဒေ၊ စံချိန် စံညွှန်းများကို လေ့လာနိုင်ကြမည်ဖြစ်ကြောင်း၊
