Date:

“ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ”၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမတွင် နေ့လယ်(၂:၀၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် ကော်မတီဝင်များ ဖြစ်ကြသည့် သက်ဆိုင်ရာဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ကြသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသည့် စိစစ်ရေးမှူး-၃ များအား ဒုတိယဦးစီးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားရေးအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ၂၆-၁၂-၂၀၂၄ ရက်နေ့နှင့် ၂၇-၁၂-၂၀၂၄ ရက်နေ့များတွင် ပင်စင်ဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စိစစ်ရေးမှူး-၃ (၃၇) ဦးဝင်ရောက်ဖြေဆိုခဲ့ပါသည်။ စာမေးပွဲ ကျင်းပနေစဉ်အတွင်း ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့် လာရောက်ကြည့်ရှုစစ်ဆေး၍ စာမေးပွဲခန်းကြီးကြပ်ရေးအဖွဲ့ဝင်များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး စာမေးပွဲဖြေဆိုသူ ဝန်ထမ်းများအား အား‌ပေးစကား ပြောကြားခဲ့