ပင်စင်ဦးစီးဌာနသတင်းများ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ Pension Management Web Portal Phase III လုပ်ငန်းစတင်အသုံးပြုနိုင်ရန်အတွက် ပင်စင်ဦးစီးဌာန၊ အခြားဌာန/အဖွဲ့အစည်းများ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပင်စင်စားများ ချိတ်ဆက်၍ သုံးစွဲနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြသည့်အစည်းအဝေးကို ၂၀-၈-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုံးအမှတ် (၃၄) ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ် ၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများ၊ D.I
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၉-၈-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀ (နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃၄) ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ် တက်ရောက် ဖွင့်လှစ်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့ အစည်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၆-၇-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၅၄/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်း အမိန့် ကြော်ငြာစာနှင့်စပ်လျဉ်း၍ အငြိမ်းစားဝန်ထမ်းများအား
