ပင်စင်ဦးစီးဌာနသတင်းများ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ ဆောက်လုပ်ပြီးစီးသည့် Modular House များတွင် နေထိုင်သော ဝန်ထမ်းများ အန္တရာယ်ကင်းစေရေးအတွက် ၉-၇-၂၀၂၅ ရက်၊ ဝါဆိုလပြည့် (ဓမ္မစကြာ) နေ့တွင် သံဃာတော် (၅) ပါးအား ပင့်ဖိတ်၍ ဝါဆိုသင်္ကန်း၊ ဆွမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့်ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် Modular House တွင် နေထိုင်သူဝန်ထမ်းများ တက်ရောက်၍ တရားတော်နာယူခဲ့ကြပါသည်။
“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ”၏ (၂/၂၀၂၅) ကြိမ် မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၅-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် Modular House များ တပ်ဆင်တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၃-၆-၂၀၂၅ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံ ခန့်ခွဲရေးဌာနခွဲရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ထွန်း၊ ရုံးချုပ်ရှိ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စု နယ်မြေတာဝန်ခံတို့တက်ရောက်ခဲ့ပြ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/သူများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားအား ၁၈-၆-၂၀၂၅ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ထွန်း၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ညွ
