Date:

“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေးဆပ် ကော်မတီ”၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံး အမှတ်(၃၄)၊အပေါ်ထပ်အစည်းအဝေးခန်းမတွင် နံနက်(၁၀:၀၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် ဆပ်ကော်မတီဝင်များ ဖြစ်ကြသည့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ စုံညီစွာတက်ရောက်ကြသည်။

Date:

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ၂၃-၂-၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်ကာ ပင်စင်စားအချက်အလက်များအား Web Portal အတွင်းသို့ ထည့်သွင်းနိုင်ရေးပြုစုခြင်း ဆောင်ရွက်မှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပင်စင်စားဆိုင်ရာ အချက်အလက်များအား Web Portal သို့ ထည့်သွင်းနိုင်ရေးအတွက် ပင်စင်စားအချက်အလက်(၄၁)တိုင်စာရင်းများ စနစ်တကျပြုစုရာတွင် လိုက်နာရမည့်လုပ်ငန်းစဉ်များနှင့် သတ်မှတ်ထားသည့်ကာလအတွင်း ပြီးစီးရန် ဝန်ထမ်းများအား လမ်းညွှန်မှာကြားခဲ့ပါသည်။