နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
ငွေတိုက်ဦးစီးဌာနသတင်းများ
နေပြည်တော်၊ ဇန်နဝါရီ ၃၁
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၉၆)သို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာနမှ ဒေါ်ထက်နန္ဒာရွှေ(စိစစ်ရေးမှူး-၂)နှင့် ဒေါ်ထက်ထက်ရွှေရည်လွင် (စိစစ်ရေးမှူး-၂) တို့မှ သင်တန်းတက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများ မျှဝေခြင်းအစီအစဉ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း (၉၀) ဦး တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၇
ကြွေးမြီကုစားခြင်း (Debt Treatments) နှင့်စပ်လျဉ်း၍ ငွေတိုက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုး၊ စိစစ်ရေးမှူး-၂ ဦးဝေဇင်ထွန်းနှင့် ဦးသန့်ဇင်အောင် တို့မှ လေ့လာသိရှိခဲ့သည့် ဗဟုသုတများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမ၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့၊ နေ့လယ် ၃:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သက်ဆိုင်ရာဝန်ထမ်းများမှ ဇမ်ဘီယာနိုင်ငံနှင့် ဂါနာနိုင်ငံတို့၏ ကြွေးမြီကုစားခြင်း (Debt Treatments) နှင့်စပ်လျဉ်း၍ ဆောင်ရွက်ခဲ့သည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
နေပြည်တော်၊ ဇန်နဝါရီ ၆
ငွေတိုက်ဦးစီးဌာနတွင် ပြုလုပ်သည့် “Cyber Security and Ethical Hacking” သင်တန်း တက်ရောက်ခဲ့ခြင်းမှ ရရှိခဲ့သည့်ဗဟုသုတများအား မျှဝေခြင်းအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲတွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း(၅၇)ဦး တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂၆
ဝန်ထမ်းထုရှင်းလင်းဆွေးနွေးဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကို ၂၆-၁၂-၂၀၂၅ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေတိုက်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအင်အား စုစုပေါင်း (၁၃၉) ဦး တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၀
ငွေတိုက်ဦးစီးဌာနတွင် ပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နေ့လယ်(၃:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း(၁၄၂) ဦး တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် Master of Professional Accounting နှင့် Seminar on China’s Foreign Aid Projects of Complete Sets of Equipment တက်ရောက်ခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံ ရှင်းလင်းခြင်းအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲတွင် ရုံးအမှတ်(၃၄)၊ အပေါ်ထပ် အစည်းအဝေးခန်းမကြီး၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစီအစဉ်သို့ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း(၄၃)ဦး တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊နိုဝင်ဘာ ၂၆
ငွေတိုက်ဦးစီးဌာနတွင် ပြုလုပ်သည့် IMF’s Government Finance Statistics (GFS) knowledge Sharing အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ရုံးအမှတ်(၃၄)၊ စုပေါင်းခန်းမကြီး၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း(၄၂)ဦး တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ နိုဝင်ဘာ ၈
၂၀၂၄ ခုနှစ်အတွက် South Asia Sub Regional Economic Cooperation (SASEC) Senior Official Meeting (SOM) အား ဘူတန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank) တို့ပူးပေါင်း၍ ၈−၁၁−၂၀၂၄ ရက် မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ မှ ညနေ ၆:၃၀ နာရိအထိ ဘူတန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ရာ ၎င်းအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် (၁၁) ဦးက Online ဖြင့် တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၅
ငွေတိုက်ဦးစီးဌာနတွင် ပြုလုပ်သည့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီခိုင် သက်ပြည့်အငြိမ်းစားယူခြင်းအတွက် နှုတ်ဆက်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် (၁:၃၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
