ငွေတိုက်ဦးစီးဌာနသတင်းများ
နေပြည်တော်၊ စက်တင်ဘာ ၁
ငွေတိုက်ဦးစီးဌာနအား ၁-၉-၂၀၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ (၁၀)နှစ်ပြည့် မြောက်ပြီဖြစ်ပါ၍ “ငွေတိုက်ဦးစီးဌာန၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်” အဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဝန်ထမ်းများက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်းတို့အား မြတ်နိဗ္ဗာန်ကို ရည်မှန်း၍ ရေစက်သွန်းချအမျှဝေခဲ့ကြပါသည်။
နေပြည်တော်၊ ဩဂုတ် ၇
ငွေတိုက်ဦးစီးဌာန၏ အမှုထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့၊ ညနေ (၄:၃၀) နာရီတွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ ကျင်းပခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ ဇူလိုင် ၅
နေပြည်တော်၊ ဧပြီ ၇
၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဝန်ထမ်းများက နေပြည်တော်၊ ဘူးကွဲရွာဦးကျောင်းတိုက်၌ သီတင်းသုံးတော်မူသည့် သံဃာတော်အရှင်သူမြတ်များအား မဟာသင်္ကြန်ကာလအတွင်း ဆွမ်းဝေယျာဝစ္စ ပြည့်စုံစေရန်အတွက် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း၊ အာရုံဆွမ်းဆက်ကပ်ခြင်းတို့ကို နိဗ္ဗာန်ရည်မှန်းလှူဒါန်းမှု ပြုလုပ်ခဲ့ကြပါသည်။
နေပြည်တော်၊ ဧပြီ ၁
ငွေတိုက်ဦးစီးဌာန၏ အရာထမ်းများမွမ်းမံသင်တန်း အမှတ်စဉ်(၁) နှင့် IT နှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ ကျင်းပခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ မတ် ၂၁
ငွေတိုက်ဦးစီးဌာန၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ်(၃၄)၊ စုပေါင်းခန်းမကြီး၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ အခမ်းအနားသို့ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ မတ် ၁၉
အစိုးရ၏ဝယ်ယူခြင်းဆိုင်ရာ သတင်းအချက်အလက် စစ်တမ်းကောက်ယူရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများအား ရှင်းလင်းဆွေးနွေးပွဲကို ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးမှ ဦးဆောင်၍ ယနေ့ နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
ငွေတိုက်ဦးစီးဌာန၏ အရာထမ်းများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃−၂၀၂၄) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နေ့လယ် (၁:၃၀) နာရီတွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
