Date:

မြန်မာနိုင်ငံ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအောက်တွင် PFM Academy သင်တန်းကျောင်း တည်ထောင်ရေးဆိုင်ရာ Curriculum သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းနှင့် Training packages များပြင်ဆင်ခြင်းတို့နှင့်စပ်လျဉ်း၍ ၂၇-၈-၂၀၁၈ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း ဦးဆောင်သော PFM Academy ဦးဆောင်စိစစ်ရေးဘုတ်အဖွဲ့နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့်ဦးဆောင်သည့် စီမံကိန်း၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (Skill Development Committee) အဖွဲ့ဝင်များသည် Firm ACCA နှင့် တွေ့ဆုံဆွ

Date:

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့၊ နံနက် ၁၁: ၀၀ နာရီမှ ၁၂:၀၀ နာရီ အချိန်အထိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရုံးအမှတ် (၂၆) ၊ PFM Support Team Room တွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်း ဦးဆောင်သော အဖွဲ့ သည် World Bank Mission အဖွဲ့နှင့် တွေ့ဆုံ၍ နိုင်ငံတော်၏ ရငွေနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ရငွေဆိုင်ရာ မူဝါဒများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

Date:

မြန်မာနိုင်ငံပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(M-MPFMp) အား အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ လာရောက်လျက်ရှိသော ကမ္ဘာ့ဘဏ်၏ Project Implementation Support Mission အား ၈-၈-၂၀၁၈ ရက်နေ့ မွန်းလွဲ ၃:ဝဝ နာရီအချိန်မှ ၅:၃ဝ နာရီအချိန်အထိ ရုံးအမှတ် (၂၆)၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ PFM Supporting room ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ လက်ခံတွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါသည်။

Date:

US-Department of the Treasury Office of the Technical Assistance - US OTA Mission အဖွဲ့သည် ရသုံးမှန်းခြေငွေစာရင်းဌာနနှင့် ပူးပေါင်း၍ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း များ၏ လုပ်ငန်းစွမ်းဆောင်ရည်အား စောင့်ကြည့်ကြပ်မတ်သည့် လမ်းညွှန်လက်စွဲ စာအုပ် (SEE Performance Monitoring Manual) ရေးဆွဲခြင်း လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခု အခါ US-OTA Mission မှ  Advisor ဖြစ်သူ Mrs. Marcia Sue Maurer သည် ၂၀၁၈ ခုနှစ်၊ သြဂုတ် လ ၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ နဝမအကြိမ်မြောက် လာရောက်ပြီး ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိပါသည်။

Date:

https://drive.google.com/open?id=1YubM3RK0lk3zY2h7jzuR6CNLz2-y7-G7

https://drive.google.com/open?id=10iUvbduUWHOrJmM2Q53ADiNgvF_Yd7uA

https://drive.google.com/open?id=1ywe3YvI9Ueo3c9201mHKnB4iaesXDNsN

 

Date:

၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် GFS TA Mission မှ Mr. Kanada နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့် ဦးဆောင်သော တာဝန်ရှိသူများသည် ၂၈-၅-၂၀၁၈ ရက်နေ့မှ ၃၀-၅-၂၀၁၈ ရက်နေ့အထိ လာရောက်ခဲ့သည့် IMF Staff Visit Mission တွင် တွေ့ဆုံဆွေးနွေးခဲ့သည့် အချက်အလက်များအပေါ် လိုအပ်သည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ရုံးအမှတ် (၂၆)၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ PFM Supporting Room ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။