Date:

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် Japan Bank of International Cooperation (JBIC) မှ Mr. Yo Kikuchi ဦးဆောင်သောအဖွဲ့နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့်  ငွေတိုက်ဦးစီးဌာနတို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များသည် အခွန်ရငွေတိုးမြှင့်ကောက်ခံရရှိရေး၊ အသုံးစရိတ်များ ပိုမိုကျခံသုံးစွဲနိုင်ရေး၊ ဘဏ္ဍာလိုငွေဖြည့်တင်းနိုင်ရေးအတွက် အရင်းအမြစ်ရရှိမှု၊ စီးပွားရေးမူဝါဒ၏ အဓိကအခန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲခြင်း၊ စွမ်းအင် ဈေးနှုန်းလျော့ကျခြင်း၏ အကျိုးသက်ရောက်မှုများနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရုံးအမှတ်(၂၆)၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

Date:

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ASEAN + 3 Macroeconomic Research Office (AMRO) မှ Dr. Chaipat Poonpatpibul ဦးဆောင်သောအဖွဲ့နှင့် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်း ဦးဆောင်သော ဘတ်ဂျက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ သည် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အမှန်ရလဒ်အခြေအနေများ၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ Other Account (OA)၊ သယံဇာတအရင်းအမြစ်ကဏ္ဍမှ ရငွေ၊ အသုံးစရိတ်များအား စီမံခန့်ခွဲခြင်း စသည်တို့နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆)၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

Date:

မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးအစီအစဉ်အရ ဘဏ္ဍာရေး ဆိုင်ရာ အကြံပေးပညာရှင် ဆရာဦးကြည်ရှိန်က ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင် နိုင်ရန် ရည်ရွယ်၍ ပြည်သူ့ဘဏ္ဍာရေး၊ အစိုးရစာရင်းထားနည်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်း စည်းမျဉ်းဆိုင်ရာ သင်ခန်းစာပို့ချမှုနှင့် စပ်လျဉ်းသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း (၁/၂၀၁၇) အား ၂၀၁၇ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဘဏ္ဍာရေးတာဝန်ခံများနှင့် ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာနမှ ဘတ်ဂျက်တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

Date:

၂၀၁၇ခုနှစ်ဇွန်လ၂၆ရက်နေ့မှ ၂၈ရက်နေ့အထိကမ္ဘာ့ဘဏ်မှ Mr.

Date:

၂၀၁၇ခုနှစ်ဇွန်လ၂၈ရက်နေ့နံနက် (၁၀:၀၀)နာရီတွင် Natural Resource Governance Institute (NRGI) နှင့် Renaissance Institute (RI) တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော သယံဇာတတူးဖော်ထုတ်လုပ်သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့်အစီရင်ခံစာပြုစုထားမှု၏ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပတ်သက်၍အကြံပေးမှုနှင့် သုံးသပ်ချက်များ ရယူနိုင်ရေးအတွက်  Mr.