မြန်မာ့အာမခံလုပ်ငန်း၊ မွန်ပြည်နယ်ရုံးမှ မွန်ပြည်နယ် မော်လမြိုင်မြို့ စုပေါင်းရုံးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စီးပွားရေးလုပ်ငန်းရှင်များ ရပ်ကွက်ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အာမခံအကြောင်း သိကောင်းစရာများ ရှင်းလင်းဟောပြောဆွေးနွေးပွဲအခမ်းအနားကို ၁၈-၈-၂၀၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်းနှင့် Pana Harrison (Asia) Pte., Ltd. တို့၏အစီအစဉ်ဖြင့် Understanding and Managing an Insurer’s Risks ​ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၁၇-၈-၂၀၁၇ ရက်နေ့ နံနက် ၉:၀၀ နာရီမှစတင်၍  ညနေ ၄:၃၀ နာရီအချိန်အထိ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

၁၆-၈-၂၀၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် A.M. Best - EMEA & Asia Pacific မှ Chief Executive Officer နှင့်အဖွဲ့သည် မြန်မာ့အာမခံလုပ်ငန်းသို့ လာရောက်၍ အထွေထွေမန်နေဂျာနှင့်အဖွဲ့အား Credit Rating in Emerging Market အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၁၅-၈-၂၀၁၇ ရက်နေ့ နေ့လည် ၂:၃၀ နာရီတွင် Pana Harrison (Asia) Pte. Ltd. မှ Regional Director နှင့် Swiss Re မှ Vice President ဦးဆောင်သည့်အဖွဲ့တို့ မြန်မာ့အာမခံလုပ်ငန်းသို့ လာရောက်၍ အထွေထွေမန်နေဂျာနှင့်တွေ့ဆုံပြီး Reinsurance နှင့် Engineering Insurance အကြောင်း ဆွေးနွေးခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအကာအကွယ်များ ဝယ်ယူထားရှိပြီး ရေကြောင်းကုန်ပစ္စည်း၊ ရေယာဉ်ကိုယ်ထည်နှင့် လူ့အသက်ဆုံးရှုံးခဲ့သူများ အတွက် ဆုံးရှုံးနစ်နာမှုလျော်ကြေးပေးအပ်သည့် အခမ်းအနားကို ရန်ကုန်မြို့၊ မြန်မာ့အာမခံ လုပ်ငန်း(ရုံးချုပ်) စတုတ္ထထပ်အစည်းအဝေးခန်းမ၌ ၄-၈-၂၀၁၇ ရက်နေ့ ၁၅:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၄-၈-၂၀၁၇ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်၌ မြန်မာ့အာမခံ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့်အဖွဲ့အား ဗြိတိသျှသံရုံးမှ တာဝန်ရှိသူများ လာရောက်၍ Capital Markets Development နှင့် Innovative Finance အကြောင်း လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၃-၈-၂၀၁၇ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် Fullerton Myanmar မှ General Manager Mr. Leslie Lee Chee Wei နှင့်အဖွဲ့သည် မြန်မာ့အာမခံလုပ်ငန်းသို့ လာရောက်၍ မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့်အဖွဲ့အား လာရောက်တွေ့ဆုံ၍ Micro Insurance အကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

၁-၈-၂၀၁၇ ရက်နေ့ ညနေတွင် Gesellschaft Internationale Zusammenarbeit-Banking and Financial Sector Development(GIZ-BFSD) မှ Program Manager နှင့်အဖွဲ့သည် မြန်မာ့အာမခံ လုပ်ငန်းသို့ လာရောက်၍ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ မူဘောင်နှင့် မြန်မာ့အာမခံအသင်းဖွဲ့စည်းမှု မူဘောင်တို့နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ စန္ဒာဦးနှင့်အဖွဲ့အား လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။