စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ အလုံးစုံမော်တော်ယာဉ်အာမခံနှင့် သူတစ်ပါး ထိခိုက်မှုအာမခံ လျော်ကြေးပေးအပ်ပွဲကို ၁၃-၉-၂၀၁၇ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် အရာထမ်း၊ ဝန်ထမ်းများ၊ ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီ အဝေးပြေး ဥက္ကဌနှင့် တာဝန်ရှိသူများ၊ အကျိုးခံစားခွင့်ရှိသူ (၃) ဦးနှင့် နစ်နာသူမိသားစုဝင် (၁၁) ဦး၏ မိသားစုဝင်များတက်ရောက်ကြပါသည်။
September 2017 Archives
မြန်မာ့အာမခံလုပ်ငန်းမှ ခရီးသွားအာမခံနှင့် သူတစ်ပါးထိခိုက်မှုအာမခံ လျော်ကြေးပေးအပ်ပွဲကို ၉-၉-၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီတွင် YRTA(အဝေးပြေး)ဒဂုံဧရာရုံးခွဲ(လှိုင်သာယာ)၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်း၊ ဒုတိယအထွေထွေမန်နေဂျာ ဦးညီညီအောင်၊ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ခင်မိုးကြွယ်နှင့် အရာထမ်း ဝန်ထမ်းများ၊ YRTA မှ ဒုတိယလက်ထောက်ဌာနမှူး ဦးမြင့်အောင်နှင့်တာဝန်ရှိသူများ
မြန်မာ့အာမခံလုပ်ငန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ အာမခံလုပ်ငန်း အကြောင်း ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ၂၁-၈-၂၀၁၇ ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံးမှ အာမခံအကြောင်း သိကောင်းစရာဆွေးနွေးဟောပြောပွဲ အခမ်းအနားကို တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ ခရိုင်ပြန်/ဆက်ရုံး၌ ၆-၈-၂၀၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်ရုံးမှ အာမခံလုပ်ငန်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဟင်္သာတခရိုင်၊ စက်မှုလယ်ယာရုံးဝန်းအတွင်း၌ (၁၀-၈-၂၀၁၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲ၌ ခရိုင်စက်မှုလယ်ယာရုံးဌာန ဦးစီးမှူး ဦးလှိုင်တိုး၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးကျော်ဟိန်းနှင့် ဌာနဆိုင်ရာမှ (၇၀)ဦးခန့် တက်ရောက်၍ အာမခံလုပ်ငန်းမှ ဆောင်ရွက်နေသည့် လုပ်ငန်း (၅)မျိုးအကြောင်းကို ဟင်္သာတခရိုင်အာမခံရုံးတာဝန်ခံ ဦးနေဝင်းမှ ရှင်းလင်းပြောကြားခဲ့ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
မြန်မာ့အာမခံလုပ်ငန်း
လျော်ကြေးပေးအပ်ပွဲ သတင်းထုတ်ပြန်ချက်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
မြန်မာ့အာမခံလုပ်ငန်း
မြန်မာ့အာမခံလုပ်ငန်း၏ အာမခံကိုယ်စားလှယ်လျှောက်လွှာခေါ်ယူခြင်း
