(၂၁-၁၀-၂၀၁၇)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်း(ရုံးချုပ်)၌ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် အရာထမ်း၊ ဝန်ထမ်းမိသားစုများသည် (၃၂) ကြိမ်မြောက် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား ကိုကျင်းပခဲ့ပြီး အရာထမ်း၊ ဝန်ထမ်း မိသားစုများနှင့် မြန်မာ့အာမခံလုပ်ငန်းဝန်ထမ်းဟောင်းအသင်းမှ လှူဖွယ်ပစ္စည်းအမျိုးမျိုးနှင့် ပဒေသာပင် တန်ဘိုးစုစုပေါင်း ကျပ် ၃၅ သိန်းခန့် အား တေဇိန္ဒာရာမကျောင်းတိုက်သို့ လှူဒါန်းခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးရုံးအနေဖြင့် (၂၃-၁၀-၂၀၁၆)ရက်နေ့ ချောက်မြို့နယ်တွင် ယာဉ်အမှတ်(၄၂ယ/၅၉၅၄၂ နှင့် ၄၄ယ/၁၁၀၁၆)ဖြင့် ထိခိုက်သေဆုံးသူ ဦးနေအောင်ထွေးအတွက် အကျိုးခံစားခွင့်ရှိသူ ဦးခင်ထွေးအားဒု-တာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးငွေကျပ် ၁၀ သိန်း၊     ၅-၅-၂၀၁၆ ရက်နေ့ စကုမြို့နယ်၊ နန်းတော်ကုန်းတွင် ယာဉ်အမှတ် ၃၉ယ/၈၂၉၈၉ နှင့် 2L/8389 ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူဦးစံထွန်းအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်မြရင်အား တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ်၅ သိန်း၊ ၂၈-၅-၂၀၁၇ ရက်နေ့ ရေနံချောင်းမြို့နယ်တွင် ယာဉ်အမှတ် ၄၈ယ/၁၃၆၀ ဖြင့် ထိခိုက်မှုဖြစ်၍

မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်ရုံးမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂-၁၀-၂၀၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ ၁၁:၃၀ နာရီထိ မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်နေသော လုပ်ငန်းများကို တက်ရောက်လာသူ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးအသီးမှ တက်ရောက်လာသူ (၄၅)ဦးကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများမှ ပြည်သူ့ဝန်ထမ်းအသက်အာမခံ၊ စုပေါင်းအသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ မီးအာမခံ ထားရှိလိုကြောင်း မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

 ၂၀-၁၂-၂၀၁၆ ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ မော်တော်ဆိုင်ကယ်အမှတ် ၂၅ယ/၉၈၅၇ နှင့် ၅ယ/၇၄၆၇၅ ထိခိုက်မှုဖြစ်ပွား၍ ဦးထွန်းကြိုင် သေဆုံးခဲ့ရာ အကျိုးခံစားခွင့်ရှိသူ ဒေါ်သန်းမြင့်ကို သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေး​ငွေ ကျပ် ၁၀ သိန်းအား ၂၇-၉-၂၀၁၇ ရက်နေ့ (၁၃:၀၀)နာရီတွင် မြန်မာ့အာမခံလုပ်ငန်း၊ မွန်ပြည်နယ်ရုံးတွင် ပေးအပ်ခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ကရင်ပြည်နယ်ရုံး၊ ဘားအံမြို့တွင် ပြည်နယ်တာဝန်ခံ ဒေါ်မေကျော့ခိုင်မှ အာမခံပညာပြန့်ပွားရေးနှင့် သူတစ်ပါးထိခိုက်မှုအာမခံ လျော်ကြေးငွေ ပေးအပ်ပွဲကို ကရင်ပြည်နယ်ရုံးတွင် (၂၆-၉-၂၀၁၇)ရက်​နေ့ နံနက်(၉:၀၀)နာရီအချိန်က ကျင်းပခဲ့ရာ အာမခံထားရှိခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ပရီမီယံလာရောက် ပေးသွင်း သူများအား ရှင်းလင်းပြောကြားခဲ့ပြီး လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားအား ကျင်းပခဲ့ပါ သည်။ အဆိုပါအခမ်းအနားသို့ (၂၅)ဦးခန့် တက်ရောက်ပါသည်။

မြန်မာ့အာမခံလုပ်ငန်းရှိ အရာထမ်း/ဝန်ထမ်းများအား အာမခံလုပ်ငန်းများကို ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ခေတ်နှင့်အမှီ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ကွန်ပျူတာတတ်မြောက်မှုမရှိသေးသည့် အရာထမ်း/ဝန်ထမ်း (၂၇၆)ဦးအနက်မှ ထပ်မံ၍ အခြေခံကွန်ပျူတာသင်တန်း(၂/၂၀၁၇) မနက်ပိုင်းသင်တန်းတွင် သင်တန်းသား (၂၂)ဦး၊ မွန်းလွဲပိုင်းသင်တန်းတွင် (၂၂)ဦးဖြင့် စုစုပေါင်း(၄၄)ဦးတို့အား ရုံးချုပ်၊ ကွန်ပျူတာ             သင်တန်းခန်းမတွင် ၂၄-၇-၂၀၁၇ မှ ၁၈-၈-၂၀၁၇ ထိ ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။

(၁၈-၉-၂၀၁၇)ရက်နေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ရဲအောင်လံခရီးသည်တင် ယာဉ်အမှတ် ၆က/၂၃၉၃ သည် ပဲခူးတိုင်းဒေသကြီး၊ ကျွဲကြီးကျွဲလေးရွာရှေ့နား လေးအိမ်စုအနီး၊ မိုင်တိုင်အမှတ် ၄၂၊ ပုဂံတွဲရွာသို့ ၄င်းနေ့ည ၁ဝးဝ၀ နာရီအရောက် ကားစလစ်ဖြစ်၍ ပေ ၁၅၀ ခန့်နက်သော လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသူ ခရီးသည်(၄၆)ဦး အနက် ခရီးသည်(၅)ဦးသေဆုံးခဲ့ပြီး (၄၁)ဦးဒဏ်ရာ ရရှိခဲ့ခြင်းအတွက် သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးပေးချေခြင်းနှင့် ခရီးသွားအာမခံ လျော်ကြေးပေးအပ်ပွဲအခမ်းအနားအား (၈-၁၀-၂၀၁၇) ရက်နေ့ (၁၁းဝ၀)နာရီတွင် တောင်ကုတ်မြို့၊ မြို့နယ်ခန်

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး၊ မုံရွာမြို့၏ အာမခံအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို (၁၄.၉.၂၀၁၇) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်၊ မုံရွာမြို့၏ ကွန်မြူနတီခန်းမတွင် ပြုလုပ်ရာ ရေယာဉ် အသင်း ဥက္ကဌများ၊ ကားအသင်းများ၊ ကိုယ်စားလှယ်များနှင့် တက်ရောက်အင်အား(၅၀)ဦး ခန့် တက်ရောက်ကြပါသည်။

လျော်ကြေးပေးအပ်ပွဲအခမ်းအနား

၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအကာအကွယ်များ ဝယ်ယူ ထားရှိပြီးကုန်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဆုံးရှုံးခဲ့သူများသို့ လျော်ကြေးပေးအပ်ပွဲ အခမ်းအနားအား၊ ရန်ကုန်မြို့၊ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) စတုတ္တထပ် အစည်းအဝေးခန်းမတွင် ၂၆.၉.၂၀၁၇ ရက်နေ့ ၁၅:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ကလေးခရိုင်ရုံးမှ ခရိုင်တာဝန်ခံနှင့်အဖွဲ့သည် (၂၇.၈.၂၀၁၇) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်း အင်အား (၃၅)ဦးနှင့် တွေ့ဆုံ၍ မြန်မာ့အာမခံမှ ဆောင်ရွက်နေသောလုပ်ငန်းများ သိကောင်းစရာများ နှင့် ဝန်ထမ်းများအသက်အာမခံထားရှိရေးကိစ္စများကို အကျယ်တဝင့်ဆွေးနွေးစည်းရုံး ဆောင်ရွက်ခဲ့ပါသည်။