မြန်မာ့အာမခံလုပ်ငန်း၊ တောင်ငူခရိုင်ရုံးမှ အာမခံအသိပညာပြန့်ပွားတိုးတက်ရန် ဟောပြောပွဲအား (၁၄-၁-၂၀၁၈)ရက်နေ့ နေ့လည်(၁၁:၃၀)နာရီတွင် တောင်ငူခရိုင် မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ရာ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်နိုင်ထွန်းနှင့် တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်း၊ ဆွာ၊ ရေတာရှည်၊ မြို့လှမြို့တို့မှ မီးသတ်ဦးစီးများနှင့် မီးသတ်ဝန်ထမ်းများ စိတ်ပါဝင်စားသူ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
January 2018 Archives
မြန်မာ့အာမခံလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီးရုံးမှ အာမခံအသိပညာပြန့်ပွားတိုးတက်ရန် ဟောပြောပွဲအား (၈-၁-၂၀၁၈)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် ထားဝယ်မြို့၊ ပညာရေးကောလိပ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲတွင် တိုင်းဒေသကြီးတာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသည့် အာမခံအမျိုးအစားများကို ရှင်းလင်းပြောကြားခဲ့ပြီး အဓိကအားဖြင့် ပြည်သူ့ဝန်ထမ်းအသက်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံနှင့် မီးအာမခံအကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီးရုံးမှ အာမခံအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို (၆-၁-၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် သနပ်ပင်မြို့၊ မင်းရွာ၊ အရိယာမဂ္ဂင်ဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ရာ မင်းရွာရဲစခန်းမှူးနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အရာရှိများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် စိတ်ဝင်စားသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးရုံးမှ (၂၇-၈-၂၀၁၇)ရက်နေ့ ပျော်ဘွယ်မြို့နယ်တွင် ယာဉ်အမှတ် HSE/4318 ဖြင့်ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးကိုကိုလတ် အတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်အေးအေးမွန် အား (၁-၁၂-၂၀၁၇)ရက်နေ့ တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၂-၈-၂၀၁၇) ရက်နေ့ စလင်းမြို့နယ်တွင် ယာဉ်အမှတ် ၄၈ယ/၆၆၉၇၂ ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးကောင်းမြတ်ကိုကိုအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်မိုးမိုးမြင့် အား (၁-၁၂-၂၀၁၇)ရက်နေ့ တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၁၆-၁၀-၂၀၁၇)ရက်နေ့ ချောက်မြို့နယ်တွင် ယာဉ်အမှတ် 1C/5789 မော်တော်ယာဉ်
မြန်မာ့အာမခံလုပ်ငန်း၊ မြဝတီခရိုင်ရုံးမှ အာမခံအကြောင်း အသိပညာပေး ဟောပြောပွဲကို (၅-၁၂-၂၀၁၇)ရက်နေ့ ည(၇:၀၀)နာရီတွင် မြဝတီမြို့ အမှတ်(၁)ရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြဝတီခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းကြီး(၅)မျိုးအနက် အသက်အာမခံလုပ်ငန်းမှ တောင်သူလယ်သမားအသက်အာမခံနှင့် မြွေအန္တရာယ် အသက်အာမခံအား အဓိကထား ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသူများမှ သိလိုသည့် အကြောင်းအရာများကို မေးမြန်းရာ ခရိုင်တာဝန်ခံမှ အသေးစိတ်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံး(တောင်ကြီး)မှ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ဦးသက်ညီသူလှိုင်အတွက် အကျိုးခံစားခွင့်ရှိသူ ဖခင် ဦးရာသိုးရိုင်းအားလည်းကောင်း၊ သေဆုံးသူ ဦးလှထွန်းအတွက် အကျိုးခံစားခွင့်ရှိသူ ဇနီး ဒေါ်ကြည်ဦးအားလည်းကောင်း၊ သေဆုံးသူ ဦးစံငြိမ်း(ခ)ဦးမောင်ပုအတွက် အကျိုးခံစားခွင့်ရှိသူ ဇနီး ဒေါ်နုနုအားလည်းကောင်း သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်းစီအား ပေးအပ်ခဲ့ပါသည်။


မြန်မာ့အာမခံလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးရုံးအနေဖြင့် (၆-၈-၂၀၁၇)ရက်နေ့ တောင်တွင်းကြီးမြို့နယ်တွင် ယာဉ်အမှတ် ၃၃ယ/၆၂၁၈၀ ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးမင်းသူ(ခေါ်)မျိုးမင်းသူအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်ဖြိုးဆုလှိုင်အား (၁၄-၁၁-၂၀၁၇)ရက်နေ့တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေ ကျပ် ၁၀ သိန်း၊ (၇-၇-၂၀၁၇)ရက်နေ့ မကွေးမြို့နယ်တွင် ယာဉ်အမှတ် ၂၉ယ/၁၆၇၈ ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ရှင်သုဇာတ/ဦးသန်းထွန်း အတွက် အကျိုးခံစားခွင့်ရှိသူ ဦးအောင်ခန့်အား (၂၁-၁၁-၂၀၁၇)ရက်နေ့တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ လျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၂၄-၆-၂၀၁၇)ရက်နေ့ တောင်တွင်းကြီးမြို့နယ်တွင်
မြန်မာ့အာမခံလုပ်ငန်း၊ သာယာဝတီခရိုင်ရုံးမှ သာယာဝတီမြို့၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးခန်းမ၌ (၁၉-၁၂-၂၀၁၇)ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် အာမခံလုပ်ငန်း အသိပညာပြန့်ပွားရေးဟောပြောပွဲကျင်းပရာ တောင်သူလယ်သမားအသက်အာမခံအား အဓိကထားဟောပြော၍ အခြားအာမခံလုပ်ငန်းများအကြောင်းလည်း ဟောပြောခဲ့ရာ လူဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ပါသည်။


