မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံး၊ တောင်ကြီးမြို့မှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၆-၂-၂၀၁၈)ရက်နေ့ နေ့လည် ၁:၀၀ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း (တောင်လေးလုံး)၌ ကျင်းပပြီးစီးခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ရှမ်းပြည်နယ်ရုံး၊ တောင်ကြီးမြို့မှ ပြည်နယ်တာဝန်ခံဒေါ်ရီရီမြမှ ပြည်သူ့ဝန်ထမ်းအသက်အာမခံ၊ တောင်သူလယ်သမားအသက်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ အလုံးစုံအာမခံနှင့်ခရီးသွားအာမခံလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်အင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးရုံးမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၃-၂-၂၀၁၈)ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ပညာရေးမှူးရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးရုံးမှ (၂၁-၈-၂၀၁၇)ရက်နေ့ မင်းဘူးမြို့နယ်တွင် ယာဉ်အမှတ် ၂၉ယ/၇၀၄၉၄ ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးယဉ်ကျေးအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်ငြိမ်းငြိမ်းဌေးအား (၂-၁-၂၀၁၈)ရက်နေ့တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်​ကြေးငွေ ကျပ် ၁၀ သိန်း၊ (၁၉-၈-၂၀၁၇)ရက်နေ့ ချောက်မြို့နယ်တွင် ယာဉ်အမှတ် ၅၈ယ/၈၅၄၃ ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးဝင်းနိုင်ဌေးအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်ဆေးအား (၁၆-၁-၂၀၁၈)ရက်နေ့တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်​ကြေးငွေ ကျပ် ၁၀ သိန်း၊ (၃၀-၇-၂၀၁၇)ရက်နေ့ မကွေးမြို့နယ်တွင် ယာဉ်အမှတ် 7F/5654 နှင့် ၅၂ယ/၅၉၃၅၈ ဖြင့် ထိခိုက

မြန်မာ့အာမခံလုပ်ငန်းရှိ အရာထမ်း/ဝန်ထမ်းများအား အာမခံလုပ်ငန်းများကို ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ခေတ်နှင့်အမှီ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ကွန်ပျူတာတတ်မြောက်မှုမရှိသေးသည့် အရာထမ်း/ဝန်ထမ်း (၂၇၆) ဦးအနက်မှ ထပ်မံ၍ အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၁၈) မနက်ပိုင်းသင်တန်းတွင် သင်တန်းသား (၂၂) ဦး၊ မွန်းလွဲပိုင်းသင်တန်းတွင် (၂၂) ဦးဖြင့် စုစုပေါင်း (၄၄) ဦးတို့အား ရုံးချုပ်၊ ကွန်ပျူတာ             သင်တန်းခန်းမတွင် ၁၃-၂-၂၀၁၈ မှ ၉-၂-၂၀၁၈ ထိ ဖွင့်လှစ်ပို့ချပေးလျက်ရှိပ

မြန်မာ့အာမခံလုပ်ငန်းရှိ အရာထမ်း/ဝန်ထမ်းများအား အာမခံလုပ်ငန်းများကို ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ခေတ်နှင့်အမှီ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ကွန်ပျူတာတတ်မြောက်မှုမရှိသေးသည့် အရာထမ်း/ဝန်ထမ်း (၂၇၆) ဦးအနက်မှ ထပ်မံ၍ အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၁၈) မနက်ပိုင်းသင်တန်းတွင် သင်တန်းသား (၂၂) ဦး၊ မွန်းလွဲပိုင်းသင်တန်းတွင် (၂၂) ဦးဖြင့် စုစုပေါင်း (၄၄) ဦးတို့အား ရုံးချုပ်၊ ကွန်ပျူတာ             သင်တန်းခန်းမတွင် ၈-၁-၂၀၁၈ မှ ၂-၂-၂၀၁၈ ထိ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။