မြန်မာ့အာမခံလုပ်ငန်း၊ မိတ္ထီလာခရိုင်ရုံးမှ အာမခံလုပ်ငန်းအသိပညာပေးဟောပြောပွဲကို (၁၆-၃-၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မိတ္ထီလာမြို့နယ်၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံမှ အရာထမ်း/ဝန်ထမ်း(၈၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
March 2018 Archives
မြန်မာ့အာမခံလုပ်ငန်း၊ ကယားပြည်နယ်ရုံး၏ အာမခံအကြောင်း အသိပညာပြန့်ပွားရေးဟောပြောဆွေးနွေးပွဲကို (၇-၃-၂၀၁၈) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် လွိုင်ကော်မြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ပြည်နယ်ရုံး)တွင် ကျင်းပခဲ့ရာ ပြည်နယ်တာဝန်ခံဒေါ်အေးအေးမြင့်မှ မြန်မာ့အာမခံလုပ်ငန်းတွင် ဆောက်ရွက်လျက်ရှိသော အာမခံအမျိုးအစားများနှင့် တောင်သူလယ်သမား အသက်အာမခံအကြောင်းများ ဆွေးနွေးပြောကြားခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲသို့ တောင်သူလယ်သမား(၃၅)ဦးခန့် တက်ရောက်ခဲ့ကြပြီး မေးမြန်းချက်များအပေါ် တာဝန်ခံမှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ လားရှိုးခရိုင်ရုံး၏ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၆-၃-၂၀၁၈) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင်လားရှိုးမြို့၊ ရပ်ကွက် ၁၂ ရေပူစမ်းအနီးရှိ ယာဉ်မောင်းသင်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့ရာ လားရှိုးခရိုင်ရုံး တာဝန်ခံဒေါ်နွယ်နီမှ မြန်မာ့အာမခံလုပ်ငန်းတွင် ဆောက်ရွက်လျက်ရှိသော အာမခံအမျိုးအစားများ ရှင်းလင်းပြောကြားပြီး သူတစ်ပါးထိခိုက်မှုအာမခံထားရှိသည့်အကြောင်းအရင်း၊ အလုံးစုံထိခိုက်မှုအာမခံနှင့် ခရီးသွားအာမခံလုပ်ငန်းများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ သင်တန်းသား/သူဦးရေ (၆၀) တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ကရင်ပြည်နယ်ရုံးပြည်နယ်ရုံးမှ အာမခံပညာရပ် ပြန့်ပွားရေး ဟောပြောပွဲအား ပြည်နယ်တာဝန်ခံ လက်ထောက်မန်နေဂျာ ဒေါ်မေကျော့ခိုင်မှ (၁၄-၂-၂၀၁၈) ရက်နေ့တွင် သံတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဟာပြောပွဲတွင် မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော အာမခံအမျိုးအစားများအကြောင်းနှင့် အာမခံထားရှိခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို တက်ရောက်လာသော ပြည်သူများအား သိရှိစေရန်လည်းကောင်း၊ (၁၆-၂-၂၀၁၈) ရက်နေ့တွင် ဘုရင့်နောင်တပ်နယ် သံတောင်ကြီးမြို့နယ်တွင် တပ်မိသားစုများအား အာမခံအကြောင်း ရှင်းလင်းပြောကြားခဲ့ရာ တပ်မိသားစု (၂၈၀)ဦးခန့် တက်ရောက်ခဲ
မြန်မာ့အာမခံလုပ်ငန်း၊ တောင်ငူခရိုင်ရုံးမှ (၂၁-၆-၂၀၁၇)ရက်နေ့တွင် ရေတာရှည်မြို့၌ ၅၉ယ/၁၁၃၈၁ ဆိုင်ကယ်ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးဝင်းဇော်အတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်စန်းထွေးအား (၂၃-၂-၂၀၁၈)ရက်နေ့တွင် ခရိုင်တာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေ ကျပ် ၁၀ သိန်း၊ (၇-၁၁-၂၀၁၇)ရက်နေ့တွင် ယာဉ်အမှတ် 7I/9848 ယာဉ်ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူကိုဟိန်းဝင်းသန်းအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်မေသူဇာကျော်အား (၂၃-၂-၂၀၁၈) ရက်နေ့တွင် သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၂၀-၁၁-၂၀၁၇)ရက်နေ့တွင် 7M/4451 ယာဉ်ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးဝင်းညွန့်နှင့် မောင်အောင်သူရာမိုးတို့အတွက် အကျို
မြန်မာ့အာမခံလုပ်ငန်း၊ မြောင်းမြခရိုင်ရုံး၏ အာမခံအသိပညာပြန့်ပွားရေးဟောပြောပွဲကို (၂၆-၂-၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောင်းမြမြို့၊ မြောင်းမြပညာရေး ကောလိပ်တွင် ကျင်းပပြုလုပ်ရာ ပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ စုစုပေါင်း (၃၇၀)ဦးခန့် တက်ရောက်ကြပါသည်။ အဆိုပါ ဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဒေါ်စန္ဒာဇော်မင်းမှ မြောင်းမြ ခရိုင်ရုံးတွင် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း(၅)မျိုးဖြစ်သော အသက်အာမခံလုပ်ငန်း၊ သူတစ်ပါးထိခိုက်မှု အာမခံလုပ်ငန်း၊ မီးအာမခံလုပ်ငန်း၊ ရေကြောင်းပို့ကုန်ပစ္စည်းအာမခံလုပ်ငန်းနှင့် ခရီးသွား အာမခံလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြား
