မြန်မာ့အာမခံလုပ်ငန်း၊ ပခုက္ကူခရိုင်ရုံးမှ အာမခံအကြောင်းသိကောင်းစရာဟောပြောပွဲကို (၂၅-၄-၂၀၁၈)ရက်နေ့ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပပြုလုပ်ရာ ယာဉ်လုပ်ငန်းရှင်များနှင့် တက်ရောက်အင်အား (၂၅၀)ခန့်တက်ရောက်ခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ ပြည်နယ်/တိုင်းဒေသကြီး များနှင့် ခရိုင်ရုံးများ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ခဲ့မှုများ သုံးသပ်ခြင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်တွင် (၁၁-၅-၂၀၁၈) ရက်နေ့မှ (၁၂-၅-၂၀၁၈) ရက်နေ့ နံနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိကျင်းပရာ မြန်မာ့အာမခံလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ဌာနအကြီးအကဲများ၊ ပြည်နယ်/တိုင်း ဒေသကြီးနှင့် ခရိုင်ရုံးတာဝန်ခံများ၊ ရုံးချုပ်မှ အရာထမ်းများတက်ရောက်ခဲ့ပါသည်။        &nb