မြန်မာ့အာမခံလုပ်ငန်းတွင် မြန်မာ့အရှေ့တိုင်းဘဏ်(MOB)​ချေးငွေဖြင့် မီးအာမခံထားရှိသည့် Forever Winner Co., Ltd. ပိုင် အဆောက်အဦး မီးလောင်ဆုံးရှုံးမှုအတွက် မီးအာမခံလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို (၂၆-၇-၂၀၁၈)ရက်နေ့ နေ့လည်(၁:၃၀) နာရီ၌ ရန်ကုန်မြို့၊ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်တွင်ကျင်းပရာ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ဌာနအကြီးအကဲများ၊ အရာထမ်းများ၊ ဖိတ်ကြားထားသောအကျိုးခံစားခွင့်ရှိသူများ တက်ရောက်ကြပါသည်။