မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံး၏ ပြည်သူ့ဝန်ထမ်းအသက်အာမခံ (ကာလတို) (ကာလရှည်) သိကောင်းစရာဟောပြောပွဲကို တာချီလိတ်မြို့၊ မြို့နယ်ပညာရေးမှူး၏ ဖိတ်ကြား ချက်အရ (၃၁-၈-၂၀၁၈) ရက်နေ့  နံနက် ၁၂:၀၀ နာရီတွင် မကာဟိုခမ်းရပ်ကွက်၊ အ.ထ.က (တာချီလိတ်) ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ စုစုပေါင်း (၈၀) ဦးခန့် ရှိပြီး အသက်အာမခံ (ကာလရှည်) ထားရှိသူများလည်း (ကာလတို) ထပ်မံထားရှိနိုင်ကြောင်းကို တာဝန်ခံ ဦးအောင်ဖုန်းမိုမှ အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး၊ သိရှိလို၍ မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်ရုံး၏ အာမခံလုပ်ငန်း၊ အသိပညာပြန့်ပွားရေးဟောပြောပွဲကို (၂၉-၈-၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။