မြန်မာ့အာမခံလုပ်ငန်း၊ ကရင်ပြည်နယ်ရုံး၏ ပြည်နည်တာဝန်ခံ ဒေါ်မေကျော့ခိုင်သည် (၈-၉-၂၀၁၈) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်အတူ အာမခံအသိပညာရပ်ပြန့်ပွားရေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲသို့ စုစုပေါင်းတက်ရောက်သူ (၂၀၀) ဦးကျော် တက်ရောက်ခဲ့ရာ တက်ရောက် လာသူများအား တောင်သူလယ်သမားအသက်အာမခံ၊ မြွေအန္တရာယ်အာမခံ၊ သူတစ်ပါး ထိခိုက်မှုအာမခံ၊ မီးအာမခံ၊ ခရီးသွားအာမခံလုပ်ငန်းအကြောင်းတို့ကို ဟောပြောခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ (၁၇-၉-၂၀၁၈) ရက်နေ့  ညနေ ၃:၀၀ နာရီ တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မုံရွာမြို့တွင် ကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းခန်းမ၌ တာဝန်ခံ ဦးတင်မောင်သန်းမှ သူတစ်ပါးထိခိုက်မှု အာမခံအကြောင်း သိကောင်းစရာများနှင့် မြန်မာ့အာမခံလုပ်ငန်းမှ လက်ခံဆောင်ရွက်နေသော အာမခံလုပ်ငန်းအမျိုးအစားများကို ရှင်းလင်းဟောပြောခဲ့ရာ တက်ရောက်သူ (၁၅၀) ဦးခန့်ရှိပြီး တက်ရောက်လာသူများမှ သိရှိလို၍ မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။