စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်တွင် ရာသီဥတုညွှန်းကိန်း အခြေပြုသီးနှံအာမခံစမ်းသပ်စီမံကိန်း နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့(၁၈.၁၂.၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် အရာထမ်းဝန်ထမ်းများ၊ မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် အရာထမ်းဝန်ထမ်းများ၊ အာမခံဒီဇိုင်းနှင့် နည်းပညာအကူအညီပေးသော Sompo Japan Nipponkoa Insurance Inc. ဂျပန်အာမခံကုမ္ပဏီမှ မြန်မာနိုင်ငံကိုယ်စားလှယ် Mr.

မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့မှ ခရိုင်တာဝန်ခံ ဦးအောင်မျိုးထွန်းသည်      (၂၄-၁၁-၂၀၁၈) ရက်နေ့ နံနက် (၇:၀၀) နာရီအချိန်တွင် (၁၀၅) မိုင်၊ မြို့နယ်ကုန်တင်ကုန်ချ ကော်မတီရုံးအရှေ့၌ အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကျင်းပပြုလုပ်ရာ လူဦးရေ (၂၆၀) ခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မူဆယ်ခရိုင်တာဝန်ခံ ဦးအောင်မျိုးထွန်းမှ နှစ်တိုငွေပင်ငွေရင်းအသက် အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးနှင့်အမျိုးမျိုးအာမခံနှင့် ရေ/လေခရီးသွားအာမခံတို့ အကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မြင်းခြံခရိုင်ရုံးမှ အာမခံအသိပညာပြန့်ပွားရေးဟောပြောပွဲကို (၁၆-၁၁- ၂၀၁၈) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆားခါးကျေးရွာရှိ သံမဏိစက်ရုံ၌ ကျင်းပပြုလုပ်ရာ တက်ရောက်အင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

၎င်းအပြင် (၁၉-၁၁-၂၀၁၈) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် မြင်းခြံမြို့၊ မီးသတ်တပ်ဖွဲ့ စခန်း၌ ကျင်းပရာ တက်ရောက်အင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မြိတ်ခရိုင်ရုံးမှ အာမခံလုပ်ငန်း အသိပညာပြန့်ပွားတိုးတက်ရေး ဟောပြောပွဲအား (၁၃-၁၁-၂၀၁၈) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ကော့သောင်းမြို့၊ မဉ္ဇူသက ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း၊ ဝန်ထမ်းများနှင့် ပြည်သူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်တွင် Taiyo Life Insurance Company ထံသို့ ကျေးဇူးတင်လွှာပေးအပ်ခြင်းအခမ်းအနားကို ယနေ့ (၄.၁၂.၂၀၁၈) ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် ကျင်းပပြုလုပ်ရာ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ ဌာနအကြီးအကဲများ၊ အရာထမ်းများ၊ Taiyo Life Insurance Company ၏ Representative Director and President Mr. Katsuhide Tanaka, Executive Managing Officer Mr. Kyoji Kumata, General Manager Mr. Katsuhiro Kubota, Advisor Mr. Sein Min, Chief Representative Mr. Takeshi Shimada, Actuary Mr. Yu Namba, IT Professional Mr.