မြန်မာ့အာမခံလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီးရုံးမှ အာမခံလုပ်ငန်းပြန့်ပွားတိုးတက်ရန် ဟောပြောပွဲအား (၈.၁.၂၀၁၉) ရက်နေ့ နံနက် (၁၁:၀၀) နာရီတွင် ထား၀ယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး နှင့် အရာထမ်း/အမှုထမ်း စုစုပေါင်း(၈၀) ဦးခန့် တက်ရောက်ကြပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ သာယာဝတီခရိုင်ရုံး၏ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၇-၁၂-၂၀၁၈) ရက်နေ့ ၁၀:၃၀ နာရီတွင် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တက်ရောက်သူဦးရေ (၁၀၀) ခန့်ရှိပြီး တောင်သူလယ်သမားအသက်အာမခံအား အဓိကထားဟောပြော၍ အခြားအာမခံ လုပ်ငန်းများအကြောင်းလည်း ဟောပြောခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၈-၁၂-၂၀၁၈) ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ၌ ကျင်းပပြီးစီးခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံး၏ အာမခံအကြောင်းသိကောင်းစရာဟောပြောပွဲကို (၁၆-၁၁-၂၀၁၈) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းခရိုင်အတွင်းရှိ (စစ်ကိုင်း၊ မြင်းမူ၊ မြောင်) မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးရုံးမှ အရာထမ်း/ဝန်ထမ်းများအား စစ်ကိုင်းခရိုင် စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ လက်ရှိဆောင်ရွက်နေသော အာမခံလုပ်ငန်းများ အကြောင်း ရှင်းလင်းပြောကြားပြီး နိုင်ငံ့ဝန်ထမ်း (ကာလတို) အကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ရာ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပါသည်။