မြန်မာ့အာမခံလုပ်ငန်း၊ လားရှိုးခရိုင်ရုံးမှ တာဝန်ခံနှင့်အဖွဲ့သည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၃၀-၄-၂၀၁၉) ရက်နေ့ နေ့လည် (၁၁:၃၀)နာရီအချိန်တွင် အ.ထ.က(၁)၊ကျောင်းဝင်း အစည်းဝေးခန်းမ၌ကျင်းပရာ ဝန်ထမ်းအင်အား (၁၇၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံက နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို) နှင့် ကျန်းမာရေးအာမခံအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မေးမြန်းချက် များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ခရိုင်ရုံးများ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလ မှ မတ်လအထိ ပထမ(၆)လ အတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာ့အာမခံလုပ်ငန်း ရုံးချုပ်တွင် (၁၆-၅-၂၀၁၉)  နှင့်် (၁၇-၅-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ကျင်းပရာ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ဌာနအကြီးအကဲများ၊ ပြည်နယ်/တိုင်း​ဒေသကြီးနှင့် ခရိုင်တာဝန်ခံများ၊ ရုံးချုပ်မှ အရာထမ်းများ တက်ရောက်ခဲ့ ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ကျောက်ဆည်ခရိုင်ရုံးမှ တာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၂၃-၄-၂၀၁၉) ရက်နေ့ မွန်းလွဲ (၂:၃၀)နာရီတွင် ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာနှင့်သုတေသနဌာန၊ Seminar ခန်းမတွင် ကျင်းပရာ အဆိုပါဌာနမှ ဆရာ/ဆရာမများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ကလေးခရိုင်ရုံးမှ တာဝန်ခံနှင့်အဖွဲ့သည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၆-၄-၂၀၁၉) ရက်နေ့ ညနေ (၆:၀၀)နာရီ အချိန် ကလေးမြို့၊ အကျဉ်းဦးစီးဌာနတွင် ကျင်းပရာ ဝန်ထမ်းအင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှ လက်ခံဆောင်ရွက်နေသော အာမခံအမျိုးအစားများဖြစ်သည့် သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးနှင့်အင်ဂျင်နီယာအာမခံ၊ ခရီးသွားအာမခံ၊ ဝန်ထမ်းအသက်အာမခံ(ကာလတို)နှင့် ကျန်းမာရေးအာမခံ အမျိုးအစား များကို ဦးစားပေးရှင်းလင်းခဲ့ပါသည်။ ဝန်ထမ်းများမှ မေးမြန်းချက်များကို ခရိုင်တာဝန်ခံမှ  ပြန်လည်ရှင်းလင်းခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ပခုက္ကူခရိုင်ရုံးမှ တာဝန်ခံသည် အာမခံလုပ်ငန်း အသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၃-၄-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကမ္မမြို့နယ်၊ ဖောင်းကွဲ​ကျေးရွာ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အ​ကြီးအကဲများအား အာမခံနှင့်ပတ်သက်သည်များကို ရှင်းလင်းဟောပြော ဆောင်ရွက်ခဲ့ ပါသည်။

အဆိုပါဟောပြောပွဲတွင် တက်ရောက်သူအင်အား (၁၅၀)ခန့်ရှိပြီး အာမခံနှင့်ပတ်သက်သည့် ဗဟုသုတများကို ဟောပြောခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မွန်ပြည်နယ်ရုံးမှ ဒုတိယတာဝန်ခံသည် အာမခံလုပ်ငန်း အသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၄-၄-၂၀၁၉) ရက်နေ့ ညနေ (၃:၀၀)နာရီ အချိန်တွင် အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)ဌာနရှိ ဝန်ထမ်းများကို အာမခံနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ဝန်ထမ်းအင်အား(၃၀)ဦး တက်ရောက်ခဲ့ပြီး အာမခံနှင့်ပတ်သက်၍ သိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ သံတွဲခရိုင်ရုံးမှ အာမခံလုပ်ငန်း အသိပညာပြန့်ပွားတိုးတက်ရေး ဟောပြောပွဲအား (၂၉-၃-၂၀၁၉) ရက်နေ့ နေ့လည် (၁၂:၀၀)နာရီတွင် သံတွဲခရိုင်၊ ခရိုင် ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ထမ်းအင်အား (၉၈)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် သံတွဲခရိုင်တာဝန်ခံမှ နိုင်ငံဝန်ထမ်းအသက်အာမခံ၊ ငွေပင်ငွေရင်း အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ ခရီးသွားအာမခံ အ​ကြောင်းများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း​​ ဆွေးနွေးခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ပခုက္ကူခရိုင်ရုံး မှ ခရိုင်တာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၂၆-၃-၂၀၁၉) ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပခဲ့ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့်် အမျိုးသမီးအိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ  ဝန်ထမ်းအင်အား စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အာမခံနှင့်ပတ်သက်သော ဗဟုသုတများ​ဟောပြောခဲ့ပါသည်။