မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီးရုံး တာဝန်ခံမှ အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာဟောပြောပွဲကို (၃၁-၅-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ ဟောပြောပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ စက်မှုဇုန်မှ လုပ်ငန်းပိုင်ရှင်များ စုစုပေါင်း (၁၄၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
June 2019 Archives
မြန်မာ့အာမခံလုပ်ငန်း၊ ကရင်ပြည်နယ်ရုံး၊ တာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၃-၅-၂၀၁၉) ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ရှင်းလင်းဟောပြောပွဲသို့ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ အာမခံလုပ်ငန်းကြီး (၅) မျိုးနှင့် ဝန်ထမ်းအသက် အာမခံ (ကာလတို/ကာလရှည်)၊ ကျန်းမာရေးအာမခံ၊ တောင်သူလယ်သမားအသက်အာမခံ၊ မြွေအန္တရာယ်အာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ၊ ပြည်ပလုပ်သားအသက်အာမခံ၊ မီးအာမခံနှင့် ခရီးသွားအာမခံလုပ်ငန်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ကရင်ပြည်နယ်ရုံး၊ တာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၂၀-၄-၂၀၁၉) ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံးဒိုးချောင်းဖျားရွာတွင် ကျင်းပရာ ရှင်းလင်းဟောပြောပွဲသို့ (၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ တောင်သူလယ်သမားအာမခံ၊ သူတစ်ပါးထိခိုက်မှု အာမခံနှင့် ခရီးသွားအာမခံလုပ်ငန်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ရခိုင်ပြည်နယ်ရုံး၊ တာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၂၁-၅-၂၀၁၉) ရက်နေ့ နေ့လည် (၂:၀၀)နာရီအချိန်တွင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စစ်တွေရုံး၌ ကျင်းပရာ ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းလိုင်စင်ပြုလုပ်ကြသူများ၊ ကျေးရွာတောင်သူလယ်သမားများ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ အလုံးစုံအာမခံ၊ ရေကြောင်းအာမခံ၊ တောင်သူ လယ်သမားအာမခံလုပ်ငန်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး၊ တာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၂၆-၃-၂၀၁၉) ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန်တွင် ခရိုင်ပြည်သူ့ဆေးရုံကြီး(သန်လျင်မြို့)ရှိ အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့်် ဆရာဝန်များ၊ သူနာပြုဆရာမများအား ရှင်းလင်းဟောပြောရာ အခမ်းအနားသို့ ဝန်ထမ်းအင်အား (၁၇၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ ကာလတို/ကာလရှည်၊ နှစ်တိုငွေပင်ငွေရင်းများ နှင့် ကျန်းမာရေးအာမခံအကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။
