မြန်မာ့အာမခံလုပ်ငန်း၊ မိတ္ထီလာခရိုင်ရုံးမှ တာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွား​ရေး ဟောပြောပွဲကို (၂၇-၆-၂၀၁၉) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မိတ္ထီလာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ကျင်းပခဲ့ရာ မြို့နယ်ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများ၊ တိုက်နယ်/ကျေးလက်ကျန်းမာရေးမှူးများ၊ အရာထမ်း/ဝန်ထမ်းများနှင့် ဆရာ/ဆရာမများ စုစုပေါင်း(၁၂၀) ဦး တက်ရောက်ခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးရုံးမှ တာဝန်ခံနှင့်ဒုတိယတာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာပြန့်ပွား​ရေးဟောပြောပွဲကို (၂၆-၆-၂၀၁၉) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မကွေးခရိုင်၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်၌  ကျင်းပခဲ့ရာ တောင်သူ (၈၀) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် တာဝန်ခံမှ အသက်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးနှင့်အင်ဂျင်နီယာအာမခံ၊ ရေကြောင်းပို့ကုန်ပစ္စည်းအာမခံ နှင့် ခရီးသွားအာမခံ တို့အကြောင်း ဟောပြောပြီး ၎င်းတို့အနက်မှ  တောင်သူလယ်သမားအသက်အာမခံအကြောင်းအား အဓိကထား ဟောပြောခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ဖျာပုံခရိုင်ရုံးမှ တာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွား​ရေး ဟောပြောပွဲကို (၂၈-၆-၂၀၁၉) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ မြို့နယ်ပညာ​ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌  ကျင်းပခဲ့ရာ ဝန်ထမ်းအင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ၊ အလုံးစုံမော်တော်ယာဉ် အာမခံ၊ မီးနှင့်သဘာဝဘေးအန္တရာယ်အာမခံ၊ ​​ရေ/လေ ခရီးသွားအာမခံလုပ်ငန်း၊ တောင်သူလယ်သမားအသက်အာမခံလုပ်ငန်း၊ နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို) နှင့် ကျန်းမာရေးအာမခံအမျိုးအစား(၃)မျိုး အကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မြဝတီခရိုင်ရုံးမှ တာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွား​ရေး ဟောပြောပွဲကို (၁၉-၆-၂၀၁၉) ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် မြဝတီမြို့၊ အ.ထ.က(၃) ကျောင်း၌  ကျင်းပခဲ့ရာ ဝန်ထမ်းအင်အား (၇၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို) နှင့် ကျန်းမာရေးအာမခံ အကြောင်းကို ဆွေးနွေး ​ဟောပြောခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်ရုံးမှ တာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွား​ရေး ဟောပြောပွဲကို (၁၆-၆-၂၀၁၉) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ အကျဉ်းဦးစီးဌာန  အစည်းအ​ဝေးခန်းမတွင်ကျင်းပခဲ့ရာ ဝန်ထမ်းအင်အား (၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို)၊ အလုံးစုံမော်တော်ယာဉ် အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးနှင့််အမျိုးမျိုးအာမခံ၊ ရေကြောင်းကုန်ပစ္စည်းအာမခံ၊ ခရီးသွားအာမခံလုပ်ငန်းများအကြောင်း နှင့် အာမခံထားခြင်းဖြင့် ရရှိနိုင်မည့် အကာအကွယ်များ အကြောင်းကို ဆွေးနွေးဟောပြောခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မြဝတီခရိုင်ရုံးမှ ဒုတိယတာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွား​ရေးဟောပြောပွဲကို (၁၅-၆-၂၀၁၉) ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် မြဝတီခရိုင်၊ စုကလိမြို့တွင် ဟောပြောရာ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် တောင်သူလယ်သမားအသက်အာမခံ၊ မြွေအန္တရာယ်အသက်အာမခံနှင့် သူတစ်ပါးထိခိုက်မှုအာမခံ ထားရှိခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းဟော​ပြောခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ချင်းပြည်နယ်ရုံးမှ ဒုတိယတာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွား​ရေးဟောပြောပွဲကို (၅-၆-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဟားခါးမြို့နယ်၊ သမဝါယမဦးစီးဌာနရုံးတွင် ပြုလုပ်သည့် ဂျီအီးစီဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အစည်းအ​ဝေးတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို)၊ ကျန်းမာရေးအာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ အလုံးစုံထိခိုက်မှုအာမခံ၊ မီးအာမခံ နှင့်် ခရီးသွားအာမခံ  ထားရှိခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဟောပြောရာ ဝန်ထမ်း (၆၂) ဦး တက်ရောက်ခဲ့ပါသည်။