မြန်မာ့အာမခံလုပ်ငန်း၊ ပြည်ခရိုင်ရုံး၏ အာမခံအကြောင်း သိကောင်းစရာစည်းရုံး ဟောပြောပွဲကို (၁၃-၆-၂၀၁၉) ရက်နေ့ ညနေ (၃:၀၀) နာရီအချိန်တွင် ပြည်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံး အဆောက်အဦးအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ (၉၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ အာမခံလုပ်ငန်းစနစ်နှင့်သဘောတရားများကို ရှင်းလင်းတင်ပြ၍ ရာသီဥတုညွှန်းကိန်းအာမခံ၊ တောင်သူလယ်သမားအသက်အာမခံ၊ မြွေအန္တရာယ်အသက်အာမခံလုပ်ငန်း အကြောင်းအရာများကို အဓိကဆွေး​နွေး​ဟော​ပြောခဲ့ပြီး တက်ရောက်လာသူများမှ ​မေးမြန်းချက်များကို ဆွေး​နွေးဖြေကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ တောင်ငူခရိုင်ရုံး၏ အာမခံအကြောင်း သိကောင်းစရာစည်းရုံး ဟောပြောပွဲကို (၅-၇-၂၀၁၉) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် တောင်ငူမြို့ မြို့နယ် စည်ပင်သာယာ​ရေးခန်းမ၌  ပြုလုပ်ခဲ့ရာ အရာထမ်း၊ ဝန်ထမ်း (၈၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင်ဒု-ခရိုင်တာဝန်ခံမှနိုင်ငံ့ဝန်ထမ်း(ကာလတို)၊ နိုင်ငံ့ဝန်ထမ်း(ကာလရှည်)၊ အသက်အာမခံနှင့် ကျန်းမာရေးအာမခံ၊ မြန်မာ့အာမခံလုပ်ငန်းမှ ​ဆောင်ရွက်ပေးလျှက်ရှိသော အာမခံအမျိုးအစားများအကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်သူ အရာထမ်း ဝန်ထမ်းများ၏ သိရှိလိုသည်များကို ဆွေး​နွေးဖြေကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ရွှေဘိုခရိုင်ရုံး၏ တာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ စည်းရုံး ဟောပြောပွဲကို  (၄-၇-၂၀၁၉) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဝက်လက်မြို့၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၌  ကျင်းပခဲ့ရာ ဝန်ထမ်းအင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ဒုတိယတိုင်းဒေသကြီးမန်နေဂျာ (လယ်/ဖွံ့ဘဏ်) နှင့်  မြန်မာ့အာမခံ လုပ်ငန်း ခရိုင်တာဝန်ခံတို့မှ တောင်သူလယ်သမားအာမခံ၊ မြွေအန္တရာယ်အာမခံ၊ ရာသီဥတု အညွှန်းကိန်းအာမခံအမျိုးအစားများအကြောင်း ရှင်းလင်းပြောကြားခဲ့ ပါသည်။

မြို့နယ်မန်နေဂျာ(လယ်/ဖွံဘဏ်)နှင့် မြန်မာ့အာမခံလုပ်ငန်း၊ ရွှေဘိုခရိုင်ရုံးမှ တာဝန်ခံတို့မှ အာမခံအကြောင်း သိကောင်းစရာစည်းရုံး​ဟောပြောပွဲကို (၂၇-၆-၂၀၁၉) ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရွှေဘိုမြို့၌  ကျင်းပခဲ့ရာ တောင်သူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် တောင်သူလယ်သမားအာမခံ၊ မြွေအန္တရာယ်အာမခံ၊ ရာသီဥတုအညွှန်း ကိန်းအာမခံ အမျိုးအစားများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။