မြန်မာ့အာမခံလုပ်ငန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ အာမခံလုပ်ငန်း အသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၇-၈-၂၀၁၉) ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်တွင် အမှတ်(၁)​ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်၊ အစည်းအဝေးခန်းမတွင် ဟောပြောပွဲကျင်းပခဲ့ရာ စုစု​ပေါင်း (၃၅၀) ဦးခန့် ​တက်ရောက်ခဲ့ပါသည်။

အဆိုပါဟော​ပြော​ပွဲတွင် ခရိုင်တာဝန်ခံမှ တပ်မတော်အရာရှိများ၊ အခြားအဆင့်စစ်သည်များနှင့် မိသားစုဝင်များအား တပ်မတော်အသက်အာမခံ၊ နိုင်ငံဝန်ထမ်းအသက်အာမခံ၊ (ကာလတို) အသက်အာမခံ၊ နှစ်တို​ငွေပင်​ငွေရင်း အသက်အာမခံလုပ်ငန်းများအကြောင်း ဟောပြော​ဆွေးနွေးခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မွန်ပြည်နယ်ရုံးမှ ပြည်နယ်တာဝန်ခံသည် အသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂-၈-၂၀၁၉) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျိုက်မရောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ဌာနဆိုင်ရာများနှင့်တွေ့​ဆုံ၍ ဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ရာ ၁၅၀ ဦးခန့် ​တက်ရောက်ခဲ့ပါသည်။

အဆိုပါဟော​ပြော​ပွဲတွင် အသက်အာမခံနှင့်် သူတစ်ပါးထိခိုက်မှုအာမခံအကြောင်း ဟောပြော​ဆွေးနွေးခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ချင်းပြည်နယ်ရုံးမှ ပြည်နယ်တာဝန်ခံသည် အာမခံအကြောင်းသိ​ကောင်းစရာဟောပြောပွဲကို (၈-၈-၂၀၁၉) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ထန်တလန်မြို့၊ မြို့နယ်ခန်းမဆောင်တွင်ပြုလုပ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင်တာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံအကြောင်းနှင့် အလုံးစုံထိခိုက်မှု အာမခံအကြောင်းများကို ဟောပြောရာ တက်​ရောက်သူဦးရေ (၄၃) ဦးတက်ရောက်ခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ကယားပြည်နယ်ရုံးမှ ယာယီတာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေးဟောပြောပွဲကို (၁၀-၇-၂၀၁၉) ရက်နေ့ နေလည် (၃:၀၀)နာရီ အချိန်တွင် လွိုင်​ကော်မြို့၊ ပန်ကန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကယားပြည်နယ်အတွင်း ဆောင်ရွက်လျှက်ရှိသော ​ အာမခံအမျိုးအစားများနှင့် အသက်အာမခံ ကာလတို/ကာလရှည်၊ ကျန်းမာရေးအာမခံများအကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။

ဟောပြောဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၂၀) ဦးခန့် တက်​ရောက်ခဲ့ပြီး သိရှိလိုသည့် မေးမြန်းချက်များအပေါ် ယာယီပြည်နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။