မြန်မာ့အာမခံလုပ်ငန်း၊ ပြည်နယ်/တိုင်းဒေသကြီးနှင့် ခရိုင်ရုံးများ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ခဲ့မှုများ သုံးသပ်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို (၆-၁၁-၂၀၁၉ မှ ၇-၁၁-၂၀၁၉) ရက်နေ့အထိ ကျင်းပခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒေါက်တာစန္ဒာဦးနှင့် ဌာနအကြီးအကဲများ၊ ပြည်နယ်/ တိုင်းဒေသကြီးနှင့် ခရိုင်ရုံးခွဲ တာဝန်ခံများ၊ ရုံးချုပ်မှ အရာထမ်းများ တက်ရောက်ခဲ့ပါသည်။
