စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း မိတ္ထီလာခရိုင်ရုံး အဆောက် အအုံသစ် ဖွင့်လှစ်ခြင်းအခမ်းအနားအား မိတ္ထီလာမြို့၊ ပေါက်ချောင်းရပ်ရှိ မိတ္ထီလာခရိုင်ရုံး၌ ၆-၁-၂၀၂၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
January 2020 Archives
မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံး တာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၉-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် တာချီလိတ်မြို့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပရာ လူဦးရေ စုစုပေါင်း (၁၀၄) ဦး တက်ရောက်ခဲ့ ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ၊ အလုံးစုံ မော်တော်ယာဉ်အာမခံ၊ မီးအာမခံ၊ အထူးခရီးသွားအာမခံ အကြောင်းများကို ရှင်းလင်းဟောပြောခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ လားရှိုးခရိုင်ရုံး ဒုတိယတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၇-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် လားရှိုးမြို့၊ (OK) ယာဉ်မောင်းသင်တန်းကျောင်း၌ ကျင်းပရာ လူဦးရေ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။
အဆိုပါဟောပြောပွဲတွင် ဒုတိယတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ၊ အလုံးစုံ မော်တော်ယာဉ်အာမခံ၊ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ၊ ခရီးသွားအာမခံ၊ ကျန်းမာရေးအာမခံ အကြောင်းများကို ရှင်းလင်းဟောပြောခဲ့ပါသည်။

