မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၃၀-၁-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် သမဝါယမတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခဌာနမှူးများ၊ အရာထမ်းဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်လျက်ရှိသော  အာမခံအမျိုးအစားများအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၄-၁-၂၀၂၀) ရက်နေ့ ညနေ‌(၃:၀၀) နာရီတွင် ခရိုင် က.ည.နရုံး ယာဉ်လိုင်စင် စစ်ဆေးရေးခန်းမ၌ ကျင်းပခဲ့ရာ အရာထမ်း/ဝန်ထမ်းများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်လျက်ရှိသော  အာမခံအမျိုးအစားများအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၃-၁-၂၀၂၀) ရက်နေ့ နံနက်(၉:၃၀) နာရီတွင် အခြေခံပညာအထက်တန်း ကျောင်း အ.ထ.က(ဆန်ဆိုင်း)၊ တာချီလိတ်မြို့တွင် ကျင်းပခဲ့ရာ ဆရာ/ဆရာမ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို) အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၃-၁-၂၀၂၀) ရက်နေ့ နေ့လည်(၂:၀၀) နာရီတွင် မြို့နယ်ဆက်သွယ်ရေး တာဝန်ခံရုံးခန်း၌ ကျင်းပခဲ့ရာ အရာထမ်း/ဝန်ထမ်း စုစုပေါင်း (၁၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်လျက်ရှိသော  အာမခံအမျိုးအစားများအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၈-၁-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် မြောင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အရာထမ်း/ဝန်ထမ်း စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်လျက်ရှိသော  အာမခံအမျိုးအစားများအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၈-၁-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် ဆည်မြောင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အရာထမ်း/ဝန်ထမ်း စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်လျက်ရှိသော  အာမခံအမျိုးအစားများအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ကျောက်ဆည်ခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၄-၁-၂၀၂၀) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီတွင် ကျောက်ဆည်ခရိုင်၊ ကူမဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပရာ အဆိုပါဌာနမှ ဆရာ/ဆရာမများ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၁၆-၁-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) နာရီတွင် တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်ကျင်းပရာ ဝန်ထမ်း စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို)လုပ်ငန်း၊ အလုံးစုံမော်တော်ယာဉ်အာမခံလုပ်ငန်း၊ မီးအာမခံလုပ်ငန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ ပြီး တက်ရောက်လာသူများမှ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲ ကို  (၁၅-၁-၂၀၂၀) ရက်နေ့ ညနေ (၄:၃၀) နာရီခန့်တွင် မူဆယ်မြို့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပရာ  ဝန်ထမ်း စုစုပေါင်း (၁၉) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို) အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၁-၁၂-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊  အမှတ်(၄)ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ တောင်လေးလုံး တွင် ကျင်းပရာ  သင်တန်းမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ စုစုပေါင်း (၁၉၇) ဦး တက်ရောက်ခဲ့ပါသည်။