မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၃-၂-၂၀၂၀) ရက်နေ့ ညနေ(၃:၃၀) နာရီတွင် မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးမှူးရုံးခန်း၌ ကျင်းပခဲ့ရာ အရာထမ်း/ဝန်ထမ်း စုစုပေါင်း(၂၃)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းတွင် ဆောင်ရွက်လျက်ရှိသည့် အာမခံအမျိုးအစားများအကြောင်းအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၅-၂-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် ခရိုင်ရေအရင်းအမြစ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အရာထမ်း/ဝန်ထမ်း စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းတွင် ဆောင်ရွက်လျက်ရှိသည့် အာမခံအမျိုးအစားများအကြောင်းအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မြင်းခြံခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၃၁-၁-၂၀၂၀) ရက်နေ့ နေ့လည်(၁၃:၀၀) နာရီတွင် မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ သွားရောက်၍ ကျင်းပခဲ့ရာ ဝန်ထမ်း(၅၀)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ နိုင်ငံဝန်ထမ်းများသာထားရှိနိင်သော နိုင်ငံဝန်ထမ်း အသက်အာမခံ(ကာလတို)အကြောင်းအား ရှင်းလင်းဟောပြောခဲ့ပြီး သိလိုသည့်မေးမြန်းချက် များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ရမည်းသင်းခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၁-၁-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် မြို့နယ်မြေစာရင်းဦးစီးဌာနသို့ သွားရောက်၍ ကျင်းပခဲ့ရာ ဝန်ထမ်း(၃၀)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ အသက်အာမခံလုပ်ငန်း၊ နိုင်ငံဝန်ထမ်းအသက်အာမခံ (ကာလတို) ထားရှိခြင်း၏ အကျိုးကျေးဇူးများနှင့် သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်း ထားရှိ၏ အားသာချက်အား အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ကလေးခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၈-၁-၂၀၂၀) ရက်နေ့ နေ့လည်(၁:၀၀) နာရီတွင် ကလေးမြို့ ခရိုင်မီးသတ် ဦးစီးဌာနရုံးသို့ သွားရောက်၍ ကျင်းပခဲ့ရာ ဝန်ထမ်း(၂၆)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးနှင့်အင်ဂျင်နီယာအာမခံ၊ ခရီးသွားအာမခံ၊ အသက်အာမခံလုပ်ငန်းများ ရှင်းလင်းဟောပြောခဲ့ပြီး သိလိုသည့်မေးမြန်းချက် များကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပါသည်။