နေပြည်တော်  နိုဝင်ဘာလ  ၃၀

   ပြည်တွင်းအခွန်များဦးစီးဌာန၊ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ (Technical Review Committee TRC ) ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော် နိုဝင်ဘာလ ၂၇

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၇-၁၁-၂၀၁၈ ရက်နေ့ နံနက် ၁၀:၃၀ နာရီ၌ ITIC မှ Mr. Hafiz Choudhury နှင့် Mr. Summit DuttMajumber တို့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ လေ့ကျင့်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကိုကိုအေးနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများတွေ့ဆုံ၍ အထူးကုန်စည်နှင့်ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

 

ရန်ကုန် နိုဝင်ဘာ ၂၃

   ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၊ အစည်းအဝေးခန်းမ၊ ရန်ကုန်၌ ၂၃-၁၁-၂၀၁၈ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၆၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။

နေပြည်တော် နိုဝင်ဘာ  ၁၉

          ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၂၉၀.၀၃၇ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၄.၆၈% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၅၈.၇၆၀ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၁၄၇ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၂၃၁.၁၃၀ ဘီလီယံပါဝင်ကြောင်း သိရှိရပါသည်။

နေပြည်တော် နိုဝင်ဘာ ၁၂

   ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၁၂-၁၁-၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။