Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၉ခုနှစ်၊ မတ် လ ၃၀   ရက်)

၁။  ၂၀၁၉ ခုနှစ်၊ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် (၂)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲအတွက် "က" အက္ခရာမှ "ကဆ" အက္ခရာထိ စုစုပေါင်းအက္ခရာ (၄၀)လုံး၊ ထီစာအုပ်(၃၂၇၂၇၂၀) အုပ်အား ရောင်းချပေးခဲ့ပါသည်။

Date:

နေပြည်တော် မတ် ၂၉

  နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ၂၉-၃-၂၀၁၉ ရက်နေ့ နံနက် ၀၇း၄၅ နာရီအချိန်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

Date:

နေပြည်တော် မတ် ၂၆

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေ ၄:၃၀ နာရီအချိန်၌ ပြည်တွင်းအခွန်များဦးစီးဌာနတွင် အသုံးပြုရန်လိုအပ်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုအမျိုးအစားအလိုက် ကပ်နှိပ်အသုံးပြုရမည့် အခွန်အမှတ်တံဆိပ်များ ပြည်ပမှမှာကြားနိုင်ရေး တင်ဒါဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ တင်ဒါကော်မတီဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။         

Date:

နေပြည်တော်  မတ်  ၁၈

   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၂၂၃၇.၅၁၅ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၃၆.၀၉%ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၄၅၉.၆၆၀ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၈၇၄ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၁၇၇၆.၉၈၁ ဘီလီယံပါဝင်ကြောင်း သိရှိရပါသည်။