စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီး ဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၅၉) သင်တန်းဖွင့်ပွဲအခမ်းအနား ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈:၀၀ နာရီတွင် ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ Multi Hall ၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

