Date:

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် စိုက်ပျိုးစရိတ်ချေးငွေများကိုနှစ်စဉ်တောင်သူလယ်သမားများသို့ ထုတ်ချေးလျှက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ အခြားသီးနှံကိုတစ်ဧကလျှင် ကျပ် ၅၀၀၀၀/- မှ ကျပ် ၁၀၀၀၀၀/- ထိတိုးမြှင့်ထုတ်ချေးသွားမည် ဖြစ်ပါသည်။

Date:

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် MRTV တွင် ထုတ်လွှင့်ပြသနေသည့် “စီးပွား​​ရေးစကားဝိုင်း” အစီအစဉ်တွင် “လယ်ယာကဏ္ဍနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပံ့ပိုးလျှက်ရှိသော JICA နှစ်ဆင့်ချေးငွေ” ဟူသော ခေါင်း စဉ်ဖြင့်  ဦးနိုင်ဦး (Director,Farmer Choice Co., Ltd)၊ ​​​ဒေါ်သက်သက်လွင် (လက်​ထောက် မန်​နေဂျာ၊မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်၊ရုံးချုပ်)၊ဦးဝင်းဌေးဦး(လက်​ထောက်မန်​နေဂျာ၊ မြန်မာ့ လယ်ယာဖွံ့ဖြိုး​ရေးဘဏ်၊ တပ်ကုန်းမြို့)၊ ဦးခင်​မောင်လွင်၊ တောင်သူ၊ ဝက်ကုန်း​ကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်​တော်တိုင်းဒေသကြီး) တို့ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

Date:

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် MRTV တွင်ထုတ်လွှင့်ပြသနေသည့် “စီးပွား​​ရေးစကားဝိုင်း” အစီအစဉ်တွင် “မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍနှင့် SME ကဏ္ဍတွင်ငွေကြေးဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးမှုဆိုင်ရာစကားဝိုင်း” ဟူသောခေါင်းစဉ်ဖြင့်  ဦးမောင်မောင်ဝင်း (ဒုတိယဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦးမင်းသူ (ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်)၊ ဦးဝင်းနိုင်ဦး (အထွေထွေမန်နေဂျာ၊ မြန်မာ့စီးပွားရေးဘဏ်)၊ ဦးခွန်အေးနိုင် (ဒု-ညွှန်ချုပ်၊ စက်မှုလယ်ယာဦးစီးဌာန)တို့ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

Date:

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)တွင် ဘဏ်မန်နေဂျာများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းအမှတ်စဉ်(၁)အား (၈.၁၀.၂၀၁၈)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းသား(၄၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည် ဖြစ်ပါသည်။

https://www.youtube.com/watch?v=YChDjsrX-10