Date:

တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများ အဆင်ပြေစွာထုတ်ချေးနိုင်ရေးနှင့်     

    JICA ချေးငွေဖြင့် လယ်ယာသုံးစက်ကိရိယာများ  ရောင်းချနိုင်ရေး

 ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်  ဇွန်  ၁၂  ရက်

Date:

၂၀၁၈ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများလက်ဝယ်သို့ အချိန်မီထုတ်ချေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၃ နာရီခွဲက ကျင်းပခဲ့ပါသည်။ (ပုံ)

Date:

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် (၁၇.၅.၂၀၁၈) နေ့မှစ၍ ၂၀၁၈မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ စတင်ထုတ်ချေးတော့မည် ဖြစ်ပြီး တောင်သူတစ်ဦးချင်းကိုယ်တိုင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) မူရင်းကို ဘဏ်သို့ အပေါင်အဖြစ်ပေးအပ်၍ ကိုယ်တိုင်အာမခံသည့်စနစ်ဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း တောင်သူလယ်သမားဦးကြီးများသို့အသိပေးကြေငြာချက်ထုတ်ပြန်ခဲ့ပါသည်။(ပုံ)

Date:

 ၂၆-၄-၂၀၁၈ ရက်နေ့ နေ့လည်(၁၃:၃၀)နာရီအချိန်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့်တကွ ဌာနအကြီးအကဲများ၊ ပြည်နယ်/တိုင်းဒေသကြီးမန်နေဂျာများ၊ မြို့နယ်မန်နေဂျာများနှင့် JICA ချေးငွေဖြင့် ရောင်းချသော လယ်ယာသုံးစက်ကိရိယာကုမ္ပဏီများ တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

Date:

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)တွင် ကျင်းပပြုလုပ်သောဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းဖွင့်ပွဲကို  ၂၀၁၈ခုနှစ်၊ မတ်လ(၉)ရက်၊ နံနက်(၁၀:၀၀)နာရီတွင်ပြုလုပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘာ့ဘဏ်ကိုယ်စားလှယ် Ms.Smita Wagh, Task Team Leader and Senior Financial Sector Specialist မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

Date:

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)တွင် (၂၆.၂.၂၀၁၈ မှ ၁၁.၄.၂၀၁၈)အထိဖွင့်လှစ်သည့်အင်္ဂလိပ်စာသင်တန်းသို့ အရာရှိ(၂၄)ဦးနှင့် အမှုထမ်း(၆)ဦး၊ စုစုပေါင်း(၃၀)ဦးတက်ရောက်ပြီးAmerican Institute Myanmar မှ ဆရာများ လာရောက်သင်ကြားကြပါသည်။

Date:

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နှစ်စဉ်ချေးငွေအဖြစ် (မိုး၊ ဆောင်း၊ မိုးကြို) ချေးငွေများကို ထုတ်ချေးလျှက်ရှိရာ (၂၃.၃.၂၀၁၈)နေ့ထိ ၂၀၁၈-မိုးကြိုချေးငွေ (၁၀၄၉၇.၁၀) ကျပ်သန်း အား ထုတ်ချေးပြီးဖြစ်ပါသည်။

Date:

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ(၁)မှ ဦးဆောင်၍ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် (၂၀-၇-၂၀၁၇)နေ့၌ ကျင်းပပြုလုပ်သော အဋ္ဌမ အကြိမ်မြောက် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် JICA အဖွဲ့ အစည်း၏ ကူညီမှုဖြင့် (Two Step Loan) ​ချေးငွေစတင်ထုတ်ချေးသည့် အခမ်းအနားကို ပြည်မြို့ “သရေခေတ္တရာရတနာ” မြို့တော်ခန်းမတွင် ဇူလိုင်လ(၂၃)ရက်နေ့က ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။