ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ပြည်တွင်းအခွန်များဦးစီးဌာန၊ စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်
ပြည်တွင်းအခွန်များဦးစီးဌာန၊ စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန် မြို့ရှိ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(၁)၊ သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ (၈၀) ဦး တက်ရောက် ကြပြီး ဒုတိယဝန်ကြီးက သင်တန်းဖွင့်အမှာစကား ပြောကြားပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးရှိ တာဝန်ရှိသူများ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးများနှင့်တွေ့ဆုံပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများရရှိစေရေး တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကောက်ခံဆောင်ရွက်ရန် လိုအပ် သကဲ့သို့ အခွန်ထမ်းပြည်သူများအနေဖြင့်လည်း မိမိတို့ပေးဆောင်ရမည့်အခွန်ကို ကြည်ဖြူကျေနပ်စွာပေးဆောင်နိုင်ရေး အခွန်ပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန် မှာကြားခဲ့ပြီးနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နေ့လည် (၁) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၊ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့နှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ်ကောက်ခံမှုဆိုင်ရာ လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးကာ အခွန်နှုန်းထားကိုမတိုးမြှင့်ဘဲ အခွန်အခြေကိုချဲ့ထွင်ခြင်းနှင့် အခွန်လွတ်ကင်းမှုများ မဖြစ်ပေါ်စေရေးဆောင်ရွက်မည့် အစီအစဉ်များကို အလေးထားဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ညနေပိုင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ဗိုလ်တထောင်မြို့နယ်၊ ၄၇ လမ်းရှိ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (၂) ပြောင်းရွှေ့ဖွင့်လှစ်မည့် အဆောက်အဦ အကြီးစားပြင်ဆင်နေမှုအခြေအနေများကို သွားရောက် စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
