ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ အသိပေးကြေညာချက်

ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့

အသိပေးကြေညာချက်

၁။               အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုး ရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် ပြည်တွင်းရှိဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့ တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်း သုံးရင်းနှီးလည်ပတ်ငွေလိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင် ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၄)ဘဏ်တို့မှ ထုတ်ချေး ပေးလျက်ရှိပါသည်။

၂။            ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့်ညီညွတ်ပါက လျှောက် ထားနိုင်ပါသည်-

          (က)    လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်၊

          ()     လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိရှိရမည်၊

()     ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-)များကို ပေးအပ်နိုင်ရမည်၊

()    နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေ ဖြင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက် ထားနိုင်ပါသည်

()     FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်ရရှိပြီးသူ နှင့်သက်ဆိုင်ရာဒေသရှိဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဝင်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားမည်

၃။               ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က)

ချေးငွေပမာဏ

 

 

 

() လုပ်ငန်းသုံးလှည့်ပတ်   

      ရင်းနှီးငွေ(Working 

      Capital) အတွက်ချေးငွေ  

-

အနည်းဆုံး ကျပ် သိန်း၁၀၀ မှ 

အများဆုံး ကျပ် သိန်း ၀၀၀ အထိ

 

 

(မတည်ရင်းနှီးငွေ (Fixed 

     Capital) အတွက် ချေးငွေ

-

အနည်းဆုံး ကျပ် သိန်း၂၀၀ မှ 

အများဆုံး ကျပ် သိန်း ၀၀၀ အထိ

 

(၃) ကျပ်သိန်း ၅၀၀၀ အထက် ကျပ်သိန်း ၁၀၀၀၀ အထိ ချေးငွေရယူလိုသော ကုမ္ပဏီအစုအဖွဲ့များ၊ ဆီစက်ကြီးများအနေဖြင့်  စက်အသစ်တည်ဆောက်ခြင်း၊  တိုးချဲ့တပ်ဆင်ခြင်းများအတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံ ခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်   (ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့လျှောက်ထားရန်ဖြစ်ပါသည်။

 

          ()     ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလ

()     လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ  -    ချေးငွေသက်တမ်း()နှစ်

          (Working Capital)

()      မတည်ရင်းနှီးငွေ                     -    ချေးငွေသက်တမ်း (နှစ် 

           (Fixed Capital)                      -    ဆိုင်းငံ့ကာလ (၁) နှစ်၊ ပြန်ဆပ်ကာလ

                                                          (၂) နှစ်၊ (၄) ရစ်ပေးဆပ်ရန်

          ()     ချေးငွေအတိုးနှုန်း                         -     နှစ်လျှင် (%)

၄။      ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည် အောက်ပါ ရုံး၊ ဌာန၊ဘဏ်ခွဲများတွင် ချေးငွေအဆိုပြုလွှာများရယူ၍ လျှောက်ထားနိုင်ပါသည် -

(က)    ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီးပြည်နယ် ဆီစက်ပိုင်ရှင်များ အသင်းရုံးများအားလုံး၊ 

()     ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးများအားလုံး၊ 

()     ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီးပြည်နယ် စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများအားလုံး၊

()    ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်နှင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲများအားလုံး၊

()     ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံး၊

()     ပုဂ္ဂလိကဘဏ်(၁၄)ဘဏ် [ကမ္ဘောဇဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်၊မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊ (ကျေးလက် နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊ သတ္တုဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊ မြန်မာ့ခရီးသွားဘဏ်လီမိတက်၊ ဆောက်လုပ်ရေးအိမ်ရာနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြန်မာမက်ထရိုဘဏ်လီမိတက်]။

၅။      ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံများကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန website www. mopf.gov.mm  စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန website https://msmewebportal. gov.mm ၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း website http://www.meoma.org ၊ မြန်မာနိုင်ငံဆီ ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း website http://meoda.myanmarwebtraining.com ၊ MEB website www.meb.gov.mm ၊ MADB website www.madb.gov.mm တို့တွင် download ရယူနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။

 

 

                                                                                                                                   ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ

                                                                                                                                   စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့