ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် PJSC “Sberbank of Russia” ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ အီဗန်နိုဆော့ဗ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် 

PJSC “Sberbank of Russia” ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ အီဗန်နိုဆော့ဗ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ 

နေပြည်တော် စက်တင်ဘာ ၉

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် PJSC “Sberbank of Russia” ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာအီဗန်နိုဆော့ဗ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံ ဘဏ္ဍာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ငွေပေးချေမှုကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအား Fintech နည်းပညာများဖြင့် အသုံးပြုဆောင်ရွက်ရာတွင် Cybersecurity ဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။

တွေ့ဆုံပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်