နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် အဓိကကျသောအခန်းကဏ္ဍတွင်ရှိပါသည်။ ယင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် လုပ်ငန်းရှင်များလိုအပ်သော အရင်းအနှီးများအတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်မှ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ချေးငွေများကို စိစစ်ထုတ်ချေးရန် စီစဉ်ထားပါသည်။

အကျုံးဝင်သည့်လုပ်ငန်းများ            

နိုင်ငံတော်သည် စီးပွားရေးအခြေခံလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ အားပေးမြှင့်တင်ဆောင်ရွက်ရာတွင် လိုအပ်သော အရင်းအနှီးငွေကြေးများရရှိစေနိုင်ရေးကိုလည်း စည်းမျဉ်းဥပဒေများနှင့်အညီ ဖော်ဆောင်ပေးမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အထက်ပါလုပ်ငန်းများဆောင်ရွက်လုပ်ကိုင်လျက်ရှိပြီး ငွေကြေးအရင်းအနှီးလိုအပ်နေသူလုပ်ငန်းရှင်များသို့ နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်အနေ ဖြင့် အထူးအစီအစဉ်