ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ Mini Data Center Core Team တွင် တာဝန်ချထားသည့် အမှုထမ်းသစ်များအား Knowledge Sharing ပြုလုပ်ခြင်း

ရသုံးမှန်းခြေငွေစာရင်းဦစီးဌာန၏ Mini Data Center Core Team တွင် တာဝန်ချထားသည့် အမှုထမ်းအသစ် (၉) ဦးအား လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် Senior ဝန်ထမ်းများမှ Mini Data Center နှင့် စပ်လျဉ်း၍ လက်ဆင့်ကမ်းလေ့ကျင့်သင်ကြားပေးခြင်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၂ ရက် နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။

            အဆိုပါ သင်တန်းအားအမှုထမ်းသစ်များအနေဖြင့် MDC အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ပါဝင်ဆောင်ရွက်လာနိုင်စေရန်နှင့် ဌာန၏ ICT Capacity Strengthening ဖြစ်စေရန် ရည်ရွယ်၍ MDCနှင့် စပ်လျဉ်းသည့် အခြေခံသဘောတရားများ၊ IT ပိုင်းဆိုင်ရာနှင့် Non – IT ပိုင်း ဆိုင်ရာပစ္စည်းများ အကြောင်းကို မိတ်ဆက်အနေဖြင့် Senior ဝန်ထမ်းများမှ လက်ဆင့်ကမ်း လေ့ကျင့် သင်ကြားပေးခြင်း ဖြစ်ပါသည်။