၁၉-၅-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးလုပ်ငန်း အထောက်အကူပြုဆပ်ကော်မတီနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ် ရေးနှင့် နည်းဥပဒေရေးဆွဲရေးဆပ်ကော်မတီတို့၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးအား ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ ဦးဆောင်၍ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော်ရေးလုပ်ငန်း အထောက်အကူပြု ဆပ်ကော်မတီဝင်များနှင့် ဝန်ထမ်းနောင