January 2025 Archives
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၁၇-၁-၂၀၂၅ ရက်နေ့၊ ၁ဝ:ဝဝ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေတာဝန်ခံတို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၁၆-၁-၂၀၂၅ ရက်နေ့တွင် ကျရောက်သော (၄၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပင်စင်ဦးစီးဌာန၊ ဘုရားခန်းတွင် သံဃာတော် (၅) ပါးအား ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာ ဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများမှ ဆွမ်း၊ သင်္ကန်းပရိက္ခရာနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ တရားတော်နာယူခဲ့ကြပါသည်။
