ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်က ၁၆-၆-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းများ စစ်ဆေးခဲ့ပြီး ရုံးလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

Cisco Meraki Firewall Device (Router) များ လိုင်စင်သက်တမ်း (၁) နှစ် တိုးမြှင့်ခြင်းလုပ်ငန်းအတွက် ဆောင်ရွက်နိုင်ရန် အိတ်ဖွင့်တင်ဒါကြေညာအပ်ပါသည်။ 

အသေးစိတ်သိရှိလိုပါက ရုံးအမှတ် (၃၄) ၊ ပင်စင်ဦးစီးဌာန (itsection.pensionmyanmar@gmail.com) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသည့် လက်ထောက်ညွှန်ကြားရေးမှူးများအား ဒုတိယညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ပေးရေးအတွက် အရည်အချင်းစစ်စာမေးပွဲကို ၂၉-၅-၂၀၂၅ ရက်နေ့ နှင့် ၃၀-၅-၂၀၂၅ ရက်နေ့များတွင် ပင်စင်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၄)၌ ကျင်းပပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး(၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ပါသည်။ စာမေးပွဲကျင်းပနေစဉ်အတွင်း ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လာရောက်ကြည့်ရှုစစ်ဆေး၍ စာမေးပွဲခန်းကြီးကြပ်ရေးအဖွဲ့ဝင်များအား လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပြီး စာမေးပွဲဖြေဆိုသူများအား အားပေးစကားပြောကြားခဲ့ပါသည်။