အဆိုပါအစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းထွဋ်က အဖွင့်အမှာစကားပြောကြားရာ၌ နှစ်သစ်တွင်မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး နိုင်ငံ့တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ကြပါစေကြောင်း ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အနေဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို ပြန်လည်သုံးသပ်ရန်မှာကြားလိုကြောင်း၊ ထို့အပြင် ကော်မရှင်အပေါ်ရောက်ရှိနိုင်သည့် သက်ရောက်မှုများကို ကြိုတင်စဉ်းစားပြီး အဆိုပါစိန်ခေါ်မှုများအားမည်သို့ကျော်လွှား