ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၅ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းထွဋ်က Virtual စနစ်ဖြင့် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
March 2025 Archives
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး တည်ထောင်ဖွင့်လှစ်ခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အန္တရာယ်ကင်းပရိတ်တရားနာခြင်း၊ သံဃာတော်များအား သင်္ကန်း၊ ဝတ္ထုငွေနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ၂၄-၂-၂၀၂၅ ရက်နေ့ နံနက် ၉:၄၅ အချိန်တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
