Date:

နေပြည်တော်၊ စက်တင်ဘာ ၁

ငွေတိုက်ဦးစီးဌာနအား ၁-၉-၂၀၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ (၁၀)နှစ်ပြည့် မြောက်ပြီဖြစ်ပါ၍ “ငွေတိုက်ဦးစီးဌာန၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်” အဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)အစည်းအဝေးခန်းမတွင်  ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဝန်ထမ်းများက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်းတို့အား မြတ်နိဗ္ဗာန်ကို ရည်မှန်း၍ ရေစက်သွန်းချအမျှဝေခဲ့ကြပါသည်။

Date:

နေပြည်တော်၊ ဩဂုတ် ၇

ငွေတိုက်ဦးစီးဌာန၏ အမှုထမ်းများလုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့၊ ညနေ (၄:၃၀) နာရီတွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ ကျင်းပခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

Date:

နေပြည်တော်၊ ဧပြီ ၇

၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဝန်ထမ်းများက နေပြည်တော်၊ ဘူးကွဲရွာဦးကျောင်းတိုက်၌ သီတင်းသုံးတော်မူသည့် သံဃာတော်အရှင်သူမြတ်များအား မဟာသင်္ကြန်ကာလအတွင်း ဆွမ်းဝေယျာဝစ္စ ပြည့်စုံစေရန်အတွက် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း၊ အာရုံဆွမ်းဆက်ကပ်ခြင်းတို့ကို နိဗ္ဗာန်ရည်မှန်းလှူဒါန်းမှု ပြုလုပ်ခဲ့ကြပါသည်။

Date:

နေပြည်တော်၊ ဧပြီ ၁

ငွေတိုက်ဦးစီးဌာန၏ အရာထမ်းများမွမ်းမံသင်တန်း အမှတ်စဉ်(၁) နှင့် IT နှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ ကျင်းပခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

Date:

နေပြည်တော်၊ မတ် ၂၁

ငွေတိုက်ဦးစီးဌာန၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ်(၃၄)၊ စုပေါင်းခန်းမကြီး၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ အခမ်းအနားသို့ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

Date:

နေပြည်တော်၊ မတ် ၁၉

အစိုးရ၏ဝယ်ယူခြင်းဆိုင်ရာ သတင်းအချက်အလက် စစ်တမ်းကောက်ယူရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများအား ရှင်းလင်းဆွေးနွေးပွဲကို ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးမှ ဦးဆောင်၍  ယနေ့ နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ၊ စုပေါင်းအစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Date:

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

ငွေတိုက်ဦးစီးဌာန၏ အရာထမ်းများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃−၂၀၂၄) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နေ့လယ် (၁:၃၀) နာရီတွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။