မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံး၊ မူဆယ်မြို့မှ အာမခံအကြောင်း သိကောင်းစရာ ဆွေးနွေးဟောပြောပွဲကို (၁၈-၁၁-၂၀၁၇)ရက်နေ့ နေ့လည်(၂:၀၀)နာရီအချိန်တွင် မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံးအပေါ်ထပ်၌ ကျင်းပရာ (၃၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မူဆယ်ခရိုင်တာဝန်ခံ ဦးအောင်မျိုးထွန်းမှ ပြည်သူ့ဝန်ထမ်းအသက် အာမခံ၊ ကျန်းမာရေးအာမခံ၊ မြွေအန္တရာယ်အာမခံ၊ တောင်သူလယ်သမားအသက်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးနှင့်အမျိုးမျိုးအာမခံနှင့် ရေ/လေခရီးသွားအာမခံအကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြန်မာ့အာမခံလုပ်ငန်းမှ ရုံးချုပ်၏ လမ်းညွှန် မှာကြားချက်နှင့်အညီ တောင်သူလယ်သမားအသက်အာမခံ နှင့် မြွေအန္တရာယ်အသက်အာမခံ လုပ်ငန်းစီမံချက် (၂) မျိုးကို အဓိကထား၍ အာမခံလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲများကို နေပြည်တော်ကောင်စီ၏ ပံ့ပိုးကူညီမှုဖြင့် ၄-၁၁-၂၀၁၇ နှင့် ၅-၁၁-၂၀၁၇ နေ့များတွင် ကျင်းပရာ နေပြည်တော်ပျဉ်းမနားရှိ ဆင်သေ၊ နတ်သူရဲ၊ ဇီးဖြူပင်၊ နှမ်းတော၊ ပေါစံခေါကျေးရွာ (၅) ရွာခန့်ရှိ ပြည်သူလူထုထံသို့ တောင်သူလယ်သမားများနှင့် မိသားစုဝင်များ အသက်အာမခံ နှင့် မြွေအန္တရာယ်အသက်အာမခံလုပ်ငန်းများကြောင်း ပြည့်စု

မြန်မာ့အာမခံလုပ်ငန်းရှိ အရာထမ်း/ဝန်ထမ်းများအား အာမခံလုပ်ငန်းများကို ကွန်ပျူတာ စနစ်ဖြင့်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ခေတ်နှင့်အမှီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ကွန်ပျူတာတတ်မြောက်မှု မရှိသေးသည့် အရာထမ်း/ဝန်ထမ်း ၂၇၆ ဦးအနက်မှ ထပ်မံ၍ မနက်ပိုင်းသင်တန်းတွင် သင်တန်းသား (၂၂) ဦး၊ မွန်းလွဲပိုင်းသင်တန်းတွင် (၂၁) ဦးဖြင့် (၄၃) ဦးတို့အား  ရုံးချုပ်၊ ကွန်ပျူတာသင်တန်းခန်းမတွင် ၉-၁၀-၂၀၁၇ မှ ၁၀-၁၁-၂၀၁၇ ထိ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအကာအကွယ်များ ဝယ်ယူထားရှိပြီး မော်တော်ယာဉ်၊ လူ့အသက်ဆုံးရှုံးခဲ့သူများသို့ ဆုံးရှုံးမှုနစ်နာကြေးပေးအပ်ပွဲ အခမ်းအနားအား ရန်ကုန်မြို့၊ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ၊ စတုတ္ထထပ်၊ အစည်းအဝေးခန်းမတွင် ၂၄.၁၁.၂၀၁၇ ရက်နေ့ (၁၄:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊  မြိတ်ခရိုင်ရုံးမှ အာမခံအကြောင်းသိကောင်းစရာ ရှင်းလင်းဟောပြောပွဲကို (၇-၁၁-၂၀၁၇)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်တွင် မြိတ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူလူထု(၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊  မြင်းခြံခရိုင်ရုံး၏ အာမခံအကြောင်းသိကောင်းစရာ ဆွေးနွေး ဟောပြောပွဲကို (၃၀-၁၀-၂၀၁၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကျေးရွာအထွေထွေအုပ်ချုပ်ရေး စာရေးဝန်ထမ်းများ စုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ကြပါသည်။

Credit Guarantee Insurance လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို (၁၇.၁၁.၂၀၁၇) ရက်နေ့ နေ့လည်(၂:၀၀)နာရီတွင် မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ကျင်းပခဲ့ပါသည်။

ညှိနှိုင်းဆွေးနွေးပွဲသို့ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာရှိများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ အရာရှိကြီးများ၊ JICA နှင့် SMBC မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များ အားလုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကန်ရိပ်သာလမ်းရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် အဆောက်အဦးသည် (၁၉-၁၀-၂၀၁၇)ရက်နေ့ နံနက်(၃:၀၀)နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွား ခဲ့ရာ၌ Hotel အဆောက်အဦးနှင့် Club အဆောက်အဦး(၂)လုံး မီးလောင်ဆုံးရှုံးခဲ့မှုအတွက် လျော်ကြေးပေးအပ်ပွဲအခမ်းအနားကို (၁၇-၁၁-၂၀၁၇)ရက်နေ့ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် မြန်မာ့အာမခံလုပ်ငန်းရုံးချုပ် စတုတ္ထထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် အဖွဲ့သည် (၁၁-၁၁-၂၀၁၇)ရက်နေ့တွင် နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းတွင် တောင်သူလယ်သမား အသက်အာမခံ ထားရှိသူ ၁ ဦး အတွက် လျော်ကြေးပေးအပ်ခဲ့ပြီး အာမခံအကြောင်း ပြည်သူလူထု ပိုမိုသိရှိစေရန်ရည်ရွယ်၍ ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကာ မြန်မာ့အာမခံလုပ်ငန်း ပခုက္ကူခရိုင်ရုံးမှ ဝန်ထမ်းများနှင့်အတူ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်

မြန်မာ့အာမခံလုပ်ငန်း မြင်းခြံခရိုင်ရုံး၏ ဝင်ငွေလျာထားချက် ပိုမိုတိုးတက်ရရှိစေရေး၊ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်နေသော အာမခံ လုပ်ငန်းဆိုင်ရာများအား ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာသိရှိနားလည်စေရေး ရည်ရွယ်၍ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးသည် မြန်မာ့အာမခံလုပ်ငန်း မြင်းခြံခရိုင်ရုံး အရာထမ်းဝန်ထမ်းများနှင့် ၁၃.၁၁.၂၀၁၇ ရက်နေ့ နံနက် ၀၉း၃၀ နာရီမှ ၁၁း၃၀ နာရီအထိ တွေ့ဆုံမှာကြားခဲ့ပါသည်။