မြန်မာ့အာမခံလုပ်ငန်း၊ ကယားပြည်နယ်ရုံးမှ ပြည်နယ်တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသူ ကြီးကြပ်ရေးမှူး ဒေါ်အေးအေးမြင့်မှ စီမံကိန်း၊ ငွေရေးကြေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်းသို့ (၁၆.၁၀.၂၀၁၇) ရက်နေ့နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ မြန်မာ့အာမခံလုပ်ငန်း၊ အာမခံဘာသာရပ်သင်တန်းမှတ်စုများကို ရှင်းလင်းသင်ကြားပေးခဲ့ပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြည်နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ ၁၀.၁၀ ၂၀၁၇ ရက်နေ့တွင် ထွက်ခွာလာသော မော်တော်ယာဉ်အမှတ်၊ ၈ည-၁၉၈၅ သည် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ အနီးအရောက် အတက်ကားကို ဦးစားပေး၍ လမ်းဘေးချ၍ ယာဉ်ရပ်ထားစဉ် လမ်းဘေးမြေသားအိကျ၍ လမ်းဘေးချောက်ခဲသို့ထိုးကျ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ပါသည်။ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည်များ အနက် ခရီးသည် (၅)ဦးသေဆုံးခဲ့ပြီး၊ (၁၃) ဦး ဒဏ်ရာရရှိခဲ့ခြင်းအတွက် သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေးပေးချေခြင်း လျော်ကြေးပေးအပ်ပွဲ အခမ်းအနားအား ၆.၁၁.၂၀၁၇ နေ့ (၀၉:၀၀) နာရီတွင် ကလေးမြို့၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီ