မြန်မာ့အာမခံလုပ်ငန်း၊ မိတ္ထီလာခရိုင်ရုံး၏ အာမခံအကြောင်း သိကောင်းစရာဟောပြောပွဲအား (၈-၃-၂၀၁၉)ရက်နေ့ နေ့လည်(၂:၀၀)နာရီတွင် မိတ္ထီလာမြို့၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဌာနမှူးများ၊ အရာထမ်း၊ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံက အာမခံ၏အဓိပ္ပာယ်ဖွင့်ဆိုချက်အား ရှင်းလင်း၍ အာမခံအကြောင်းသိကောင်းစရာများနှင့် သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးအာမခံအကြောင်းအား အသေးစိတ်ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
March 2019 Archives
မြန်မာ့အာမခံလုပ်ငန်း၊ မွန်ပြည်နယ်ရုံးမှ အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာဟောပြော ပွဲကို (၈-၃-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မော်လမြိုင်တက္ကသိုလ်ခန်းမ၌ ကျင်းပရာ အဆိုပါတက္ကသိုလ်ရှိ ဆရာ/ဆရာမများအင်အား (၃၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲတွင် မွန်ပြည်နယ်ရုံးတာဝန်ခံမန်နေဂျာမှ အာမခံလုပ်ငန်းနှင့်ပက်သက်၍ ရှင်းလင်းဟောပြောခဲ့ပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်ရုံး၏ အာမခံလုပ်ငန်းအကြောင်းအသိပညာပေး ဟောပြောဆွေးနွေးပွဲကို (၂-၃-၂၀၁၉) ရက်နေ့ နံနက် (၈:၄၅) နာရီတွင် ဟင်္သာတခရိုင် တလုတ္ထော်မြို့နယ်၊ သဲကြီးကုန်းကျေးရွာတွင် လူမှုကူညီရေးအသင်းနှစ်ပတ်လည်အခမ်းအနား နှင့်တွဲဖက်၍ ကျင်းပပြုလုပ်ခဲ့ရာ ရွှေမဉ္ဇူလူမှုကူညီရေးအသင်း နာယက ဦးမြကွန့်က အဖွင့်အမှာစကားပြောကြားရာ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ ကျေးရွာသားများ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ကြပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံး တောင်ကြီး၏ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေးဟောပြောပွဲကို (၂၈-၂-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ပြည်နယ်တာဝန်ခံက ပြည်သူ့ဝန်ထမ်းအသက်အာမခံ၊ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို)၊ တောင်သူလယ်သမားအသက်အာမခံလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ရွှေဘိုခရိုင်ရုံးနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး ရာသီဥတုအညွှန်းကိန်းအခြေပြုသီးနှံအာမခံလုပ်ငန်းအတွက် ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကို (၄-၂-၂၀၁၉) ရက်နေ့ နေ့လည် (၁:၀၀) နာရီတွင် ရွှေနိုင်ငံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာ့အာမခံ လုပ်ငန်း ရွှေဘိုခရိုင်ရုံးမှဝန်ထမ်းများ၊ တောင်သူလယ်သမားများနှင့် မိသားစုများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီးရုံး၏ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲအား (၂၇-၂-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ နည်းပညာတက္ကသိုလ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ကြီး၊ ကျောင်းဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီးရုံး၏ အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာ ဟောပြောပွဲကို (၂၃-၂-၂၀၁၉) ရက်နေ့ နံနက် (၉:၃၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ ပဲခူးတိုင်း ဒေသကြီး ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ၊ မြို့မိမြို့ဖများနှင့် စိတ်ပါဝင်စားသူ (၁၅၀)ဦးခန့်တက်ရောက်ကြပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံး၏ အာမခံအကြောင်းသိကောင်းစရာ ဆွေးနွေး ဟောပြောပွဲအစီအစဉ်ကို (၂၂-၂-၂၀၁၉) ရက်နေ့ ညနေ (၃:၀၀)နာရီအချိန်တွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ ခရိုင်ပြန်/ဆက်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် ဟိုတယ်လုပ်ငန်းရှင် (၄၀)ဦးတို့အား ဖိတ်ကြားခဲ့ရာ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ကြ ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံး၏ အာမခံအကြောင်းသိကောင်းစရာ ဆွေးနွေး ဟောပြောပွဲအစီအစဉ်ကို (၂၀-၂-၂၀၁၉) ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန်တွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ ခရိုင်ပြန်/ဆက်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလုပ်ငန်းရှင် (၁၉)ဦးတို့အားဖိတ်ကြားခဲ့ရာ စုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံး၏ အာမခံလုပ်ငန်းအကြောင်း သိရှိစေရန်ဟောပြောပွဲကို (၁၅-၂-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် စစ်ကိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥက္ကဌရုံးခန်း၌ ကျင်းပရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း (၃၇)ဦး တက်ရောက်ခဲ့ပြီး လက်ရှိစစ်ကိုင်းခရိုင်ရုံးတွင် ဆောင်ရွက်လျက်ရှိသည့် အာမခံလုပ်ငန်းသစ်များ၏ လက်ခံ ဆောင်ရွက်ပေးခြင်း၊ လျော်ကြေးပေးရခြင်းအကြောင်းများကို အသေးစိတ်ရှင်းလင်း ပြောကြား ခဲ့ပါသည်။
